Tuesday, December 04, 2012
0
တံတားခွဲ၊ဗုံးခွဲ ကိစ္စ တစ်လုံးမှ မဟတဲ့ ၈၈ တွေက လက်ပံတောင်း ကိစ္စမှာလည်း သမ္မတအမိန့်ကို ဆန့် ကျင်လေ သည်။ နေပြည်တော်တွင် ခေါင်းဆောင်များနှင့် တွေ့သဖြင့် သမ္မတနှင့် ပူးပေါင်း ဆောင်ရွက်လေ မလား မျှော်လင့်သော်လည်း ၈၈ တို့ ကြေငြာချက်သာ ထွက်လေတော့ သည်။ ဒေါ်အောင် ဆန်းစုကြည် လည်း မချိသွားဖြဲ ကျေနပ်ရပေတော့သည်။

တံတားခွဲ၊ဗုံးခွဲ လုပ်ဆောင်ချက် များကြောင့် နာမည် ပျက်ယုံမက တံတားပြင်ဆောင်ဖို့ အတွက်ပါ တောင်း ပန် ထားရသည့် ကေအိုင်အို များက လက်ပံတောင်း  အရေးကို ရှုတ်ချသည်။ ပြည်ဖျက်သော သူများ အုပ်စု ညီညွှတ်ကြလေ သည်။ ကိုယ်တိုင်လည်း မလုပ်နိုင် ၊ လုပ်နိုင်သူနှင့် ပူးပေါင်းဆိုတော့လည်း မပူးပေါင်း ချင်ကြ။ ကေအိုင်အိုအား အပစ်အခတ်ရပ်စဲရန် ပြောသည်။ ပူးပေါင်းလုပ်ဆောင်ရန် ပြောသည်။ ဘယ်အ ခါမှ လက်မခံ ခဲ့။ ဘာထူးသနည်း။ ၈၈တို့အား ပူးပေါင်းဆောင် ရွက်ရန် ဖိတ်ခေါ်သည်။ ဖြစ်မလာပြန်တော့။ လူတိုင်းသည် ကိုယ်နှင့်ထိုက်တန်သော အစိုးရကို ရကြပေသည်။
လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ၏  သဘော ထားကြေ ညာ ချက်
(၁) ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများသည် ရှစ်လေးလုံးလူထု အရေးတော် ပုံကြီးနှင့်အ တူ ပေါက်ဖွား လာခဲ့သူ များ ဖြစ်ပါသည်။ ( ၈၈ မှာ ဆူပူလို့ တစ်နိုင်ငံလုံးက ကျောင်းသားတွေ တစ်နှစ်အောက်ခဲ့ရတဲ့ ဆူပူသူတွေ ဆိုတာလဲ လုပ်အုံး။ ၈၈ ကြောင့် တောထဲရောက် ဗကပ ဖြစ်သွားတဲ့သူတွေကရော..)
(၂) ယနေ့နိုင်ငံတော်အသွင်ကူးပြောင်းရေးကာလတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းပေါ်ပေါက်ရေး နိုင်ငံအနှံ့ ဒေသအသီးသီးတွင် ဟောပြောစည်းရုံးလျှက်ရှိသည်။( အစိုးရ မကောင်းကြောင်းပြောတာ၊ ရန်ပုံငွေတွေ ရှာတာ၊  ကျောင်းသားတွေကို ဆူပူအုံကြွဖို့ စည်းရုံးတာ၊ နေရာအနှံ့ဆူပူမှုတွေ ဖြစ်နေတာ ၈၈ ရဲ့လှုပ်ရှားမှု)
(၃) နိုင်ငံသားများ၏ နစ်နာချက်၊ လိုလားချက်များကို ဖော်ထုတ်ပြီး ရင်ဆိုင် နေရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။( အစိုးရမဟုတ်၊ တရားဝင် အဖွဲ့အစည်းမဟုတ်၊ အသံထွက်ယုံ လွဲပြီး အဆံမရှိတာ ဘယ်သူတွေ လုပ်နေလို့လဲ)
(၄) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သော ဆန္ဒပြမှု အပေါ် အကြမ်းဖက် နှိမ်နှင်းမှုနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးရန် တင်ပြတောင်း ဆို ခဲ့ပြီး ဖြစ်ပါသည်။(အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ရန်တော့ သတ္တိမရှိ။ ဆူပူဖို့ သာ မြှောက်ပင့်ရန် တတ်သည်။)
(၅) ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် ဒေသခံပြည်သူများ၊ တက်ကြွ လှုပ်ရှားသူများ၏ သဘောထား ဆန္ဒများကို လွတ်လပ်စွာ စုံစမ်းတင်ပြ၍ ညှိနိုင်းဖြေရှင်းနိုင်ရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်သည်။ (ဆူပူရန်)
(၆) ထို့ကြောင့် လက်ပံတောင်းတောင် ဆန္ဒပြသူများအား အကြမ်းဖက်ဖြေရှင်းခဲ့မှုနှင့်ပတ်သက်၍-
(က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအား ထိရောက်သော ဆေးဝါးကုသမှုပေးရန် (လက်ရှိလုပ်ငန်း)
(ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန် (ထပ်ကာထပ်ကာ တောင်းဆို)
(ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြန်လည် စစ်ဆေးသုံးသပ်ရန် ( ကိုယ်တိုင်မလုပ်နိုင်၊ သူများကို အမိန့်ပေး)
(ဃ) စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန် ( ကိုယ်တိုင် မလေ့လာ၊ နိုင်ငံတော် ဘယ်လောက် နစ်နာနေသည်ကို မတွေး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆိုလိုချက်နှင့် ဆန့်ကျင်)
(င) ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ပြဿနာများ ဖြေရှင်းပြေလည် ရေးအတွက် ညှိနှိုင်းဆောင် ရွက်ကြရန် ၈၈ကျောင်းသားများအနေဖြင့် အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်သည်။
၈၈ မျိုးဆက်ကျောင်းသားများ
ဒီဇင်ဘာ ၃ရက်၊ ၂၀၁၂

နောက်ဆုံး ကြည့်လိုက်တော့ ၈၈ ဆိုတာ အနောက်ကနေ ပြသနာဖြစ်ဖို့ မီးမွှေးပေးနေသူများသာ ဖြစ်သည်။ တာဝန်ရှိသူများ လုပ်နေသည်များကို မကူညီယုံသာမက အနှောက်အယှက် ပင် ပြုကြတော့သည်။
ကချင်အဖွဲ့သည်လ ည်း ဘာမှ မထူး။ ကိုယ့်ပြည်နယ် အေးချမ်းရေး ကို လျစ်လျူရှု။ ကိုယ်တိုင်လည်း မလု ပ်နိုင် တိုင်းပြည် မတည်ငြိမ်လေ သဘောကျကြလေ ဖြစ်သည်။
from; oppositeye

0 comments: