Tuesday, December 04, 2012
0
ဗကပကို ဆန့်ကျင့်သည့် ကေအိုင်အေ ခေါင်းဆောင်များ မရှိတော့သည့်အခါမှာတော့ ဗကပ လိုလားတဲ့ မ ရန် ဘရန် ဆိုင်း ခေါင်းဆောင်သည့် အုပ်စုက ကေအိုင်အေ သူပုန်များကို ဥိးဆောင် လာခဲ့ သည်။ ကေ အိုင်အေ စစ်ဦးစီးဌာနချုပ်ကို တြိဂံဒေသအတွင်းရှိ လဘန် ဘောက်တူတွင် အခြေပြုပြီး လမုန်တူးဂျိုင်က စစ်ရေး ခေါင်းဆောင်အဖြစ် တာဝန်ယူသည်။ ရှေ့တန်း ဌာနချုပ် ကတော့ မဂျီ ဘွမ်ဒေ သ ကော့ လွန်ရွာတွင် အခြေ စိုက်ပြီး မဂျီဇော် အိမ် က တာဝန်ယူသည်။ ယခု နိုင်ငံရေး အရဆွေးနွေးမည့် ဆိုသည့် ဂမ်ရှောင်၊ ဂွမ်မော် ဆို သည့် သူများ ဒါတွေကို ပြောပြဖို့ မေ့နေသည် ထင်သည်။ ထို အချိန်က ၄င်းတို့ ဘယ်ချောင် ရှိနေသည် မသိ။

ပြည်တွင်းရှိ ကေအိုင်အေများကို မရန်ဘရန်ဆိုင်း၊ လမာလရိန်နှင့် ဇောင်းဟရားဆို့က နိုင်ငံရေး ဦးဆောင် မှု ပေးခဲ့သည်။ သူတို့၏ ကွန်မြူနစ် လိုလားသော အုပ်စုတွင် လမုန် တူးဂျိုင်၊ မဂျီေ ဇ်ာအိမ်နှင့် ဇော်မိုင် စသည့် စစ်ရေး ခေါင်းဆောင်များလည်း ပါဝင်သည်။

ကေအိုင်အေ စစ်ဦးစီးဌာနချုပ်က တပ်မဟာ(၁)ကို အနီးကပ် ကွပ်ကဲပြီး တြိဂံဒေသ တွင် လည်းကောင်း ၊ ရှေ့ တန်း စစ်ဦးစီးဌာနချုပ် သည် တပ်မဟာ (၂)ကို အနီးကပ် ကွပ်ကဲပြီး မိုးကောင်း၊ မိုးညှင်း၊ ဖားကန့် စ သည့် ကျောက် စိမ်း နယ်မြေတွင် လည်းကောင်း၊ ကေအိုင်အေ တပ်မဟာ(၃)ကို ဗန်းမော် နယ်မြေတွင် လည်းေ ကာင်း ထား ရှိပြီး တပ်မဟာ(၂)မှ ပေးပို့သော ကျောက်စိမ်းများကို ပြည်ပသို့ ဆက်လက် ပို့ဆော င်ေ ရး တာဝန် ယူစေ သည်။ ကေအိုင်အေ တပ်မဟာ (၄)ကတော့ ရှမ်းမြောက်ပိုင်းတွင် အခြေစိုက်ပြီး ဗက ပများနှ င့် ဆက် သွယ် မှု ပြုလုပ်နေသည်။
၁၉၇၆ ဇန်န၀ါရီ ၁၂ ပါဂျိုချောင်း အရှေ့ဘက်ကမ်းရှိ တရုတ်ရွာ ဓါးကောင် ကထောင် တွင် ကေ အိုင်အေ ဗဟိုကော် မတီ အစည်းအဝေး ကျင်းပပြီး ကချင် လွတ်လပ်ရေး အဖွဲ့ ဗဟိုကော်မတီနှင့် ကချင် လွတ် လပ်ရေး ကောင်စီ (KIC, Kachin Independence Council) ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။ အဆိုပါ အစည်း အဝေး မှ နိုင်ငံရေးနှင့် စစ်ရေးများကို ဆက်လက်လုပ်ဆောင်သွားရန် ဆုံးဖြတ်ပြီး ဗမာနက် လို့ ခေါ် သည့် မြန်မာ အစိုးရ အား အဓိက တိုက်ခိုက်ရန်နှင့် ဗမာ နီဟု ခေါ်သည့် ဗကပ များကို ကေအိုင်အေ သြဇာ မခံယူ မချင်း ဆန့်ကျင် တိုက်ခိုက်ရန်လည်း ပါဝင်သည်။

၁၉၇၇ တွင် ကေအိုင်အေ ဌာနချုပ်ကို တြိဂံဒေသမှ ပါဂျိုဒေသ သို့ ပြောင်းရွှေ့ ခဲ့ သည်။ ပြောင်းရွှေ့ ရခြင်းမှာ တစ် ဖက်နိုင် ငံနှင့် ပိုမို နီးစပ်စေရန်သာမက မြန်မာ့ တပ်မတော်၏ လေကြောင်း တိုက်ခိုက်မှု မခံရစေ ရန် ဖြစ် သည်။

ကေအိုင်အေမှ ဗကပနှင့် အဆင်မပြေတိုက်ပွဲများ ဖြစ်နေမှုကို တစ်ဖက်နိုင်ငံမှ ဖိအားပေး လာ သဖြင့် ကေ အိုင်အေ သည် ဗကပ သခင် ဘသိန်းတင်၏ ၁၉၇၅ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က ပေးပို့သော ညီ ညွှတ်ရေး ကမ်းလှမ်းချက်ကို ၁၉၇၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ကျင်းပသော ကေအိုင်စီ အစည်း အဝေးက လက်ခံခဲ့ရသည်။ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဗကပနှင့် ကေအိုင်အေတို့ မဟာ မိတ် အဖြစ် သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြသည်။ မတ်လ (၂၇) ရက်နေ့တွင် ကေအိုင်အေနှင့် ဗကပ တို့ အပစ် အခတ် ရပ်စဲရေး လုပ်ကြသည်။ ဗကပနှင့် တိုက်ပွဲများ မရှိတော့ သဖြင့် ကေအိုင်အေ အနေဖြင့် စစ်ရေး အရှိန်မြှင့် တင်ပြီး တပ်မတော်နှင့် စစ်ပွဲကြီး များ ထိပ်တိုက် ရင်ဆိုင် ရတော့သည်။

ကချင်ကောင်းစားရေး အမည်တပ်ထားသည့် ကေအိုင်အေသည် ရှေးယခင်ကပင် တိုင်းတစ်ပါး သြဇာ ခံ ဖြစ်သည်။ တိုင်းတစ်ပါး အထောက် အပံ့ချင်း တူတူ တိုင်းပြည် ဖျက် ဗကပနှင့် ပူးေ ပါင်း ခဲ့သည်။ ကချင် သမိုင်း ရိုင်း ခဲ့လေတော့သည်။

ထိုစဉ် ကာလအတွင်း ဗကပ တပ်ရင်း(၁၀၁) ဌာနချုပ်မှာ တစ်ဖက်နိုင်ငံ အနီး စင်ခေါင်တွင် အခြေပြုထား သည်။ တပ်ရင်း ၁၀၁ ခေါင်းဆောင် မှာ မရူ လူမျိုး စခုန်တိမ်ယိမ်း ဖြစ်ပြီး ယခင် ကတော့ ကေ အိုင်ေ အ ခေါင်းေ ဆာင် တစ် ဦးဖြစ်သည်။ ဇော်တူး တစ်ဖက်နိုင်ငံ တွင် ဆွေးနွေးစဉ်က ကေအိုင်အေ ဂျင်းဖော လူမျိုး တစ်မျိုးတ ည်း အတွက်သာ ဦးစားပေး ဆောင်ရွက်ခဲ့ပြီး လက်နက် တပ်ဆင်ရာတွင် လည်း ဂျင်းဖော မျိုးနွယ် များကို ဦးစားပေး ခဲ့သဖြင့် ကေအိုင်အေကို မကျေနပ်။ ထို့ကြောင့် စခုန်တိမ်ယိမ်းနှင့် လယော က်ဇေ လွန်တို့ ဦးစီးသော ကေအိုင်ေ အ တပ်ရင်း(၄) အင်အားစုများမှ ကေအိုင်အေမှ ခွဲထွက်ကာ ၁၉၆၈ ခုနှစ် မတ် လ တွင် တစ်ဖက်နိုင်ငံ သို့ ၀င်သွားကြခြင်း ဖြစ်သည်။

၁၉၄၈ တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည်။ ၁၉၆၀ ကျော်သည်အထိ ကချင်ပြည်နယ်တွင် လူမျိုးရေး ခွဲခြားတုန်း ရှိသေးသည်။ ကေအိုင်အေမှာလည်း ဗကပ တစ်ခြမ်း၊ ဂျိမ်းဖော လူမျိုးစု တစ်ခြမ်း ဖြစ်ရသည်။ ကချင်ပြည်နယ် တစ်ဝက်ကို တရုတ်ပေး၍ အာဏာရယူရန် ကြိုးပမ်းခဲ့သော ကေအိုင်အေကို တပ်မတော်မှ အပြင်းအထန် နှိပ်ကွပ်ခဲ့ရလေသည်။
(ဆက်ရန်---)
from;oppositeye

0 comments: