၁။
(၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ အာဇာနည် ဗိမာန်၌ ၂ဝ၁၃
ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ဝ၈ဝဝ အချိန်၌ စတင် ကျင်းပမည် ဖြစ်ရာ ဇူလိုင် ၁၈ ရက်နေ့
၁၈ဝဝ အချိန်မှ ဇူလိုင် ၁၉ ရက်နေ့ ၁၈ဝဝ အချိန်ထိ အောက်ဖော်ပြပါ လမ်းကြောင်းများကို
ဖြတ်သန်းသွားလာမှု ယာယီ ပိတ်ဆို့ ထားမည် ဖြစ်ပါသည်-
(က) ဦးဝိစာရ လမ်းနှင့် အနောက် ရွှေဂုံတိုင် လမ်းဆုံရာမှ
အနောက် ရွှေဂုံတိုင် လမ်းအတိုင်း အနောက် ရွှေဂုံတိုင်(၁)လမ်းထိပ်ထိ။
(ခ) အနောက် ရွှေဂုံတိုင်လမ်းမှ အာဇာနည် လမ်းအတိုင်း
ရွှေတိဂုံဘုရား အရှေ့မုခ် စောင်းတန်းအထိ။
(ဂ) အနောက် ရွှေဂုံတိုင်လမ်းမှ အာဇာနည် ဗိမာန်သို့
တက်ရောက်ရာ အုတ်လှေကား လမ်းနှင့် ကျောက်ဆည် ဓမ္မာရုံဘေး လမ်းကြားများ။
၂။
အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသော ဧည့်သည် တော်များသည်
ရွှေတိဂုံ တောင်ဘက်မုခ်မှ အာဇာနည် လမ်းအတိုင်း ရွှေတိဂုံ အရှေ့ဘက်မုခ်မှ တစ်ဆင့်
ရွှေတိဂုံ မြောက်ဘက်မုခ်ရှိ အာဇာနည် ဗိမာန်ဝင်ပေါက် ဂိတ် (၂)မှ ဝင်ရောက်ပြီး အနောက်
ရွှေဂုံတိုင်လမ်းသို့ ဂိတ်(၃)မှ ပြန်လည်ထွက် ခွာရမည် ဖြစ်ပါသည်။
၃။
ဇူလိုင်လ ၁၉ ရက်နေ့ ၁၂ဝဝ အချိန်မှ ၁၆ဝဝ အချိန်ထိ အာဇာနည် ဗိမာန်သို့ အများပြည်သူ
လာရောက် ဂါရဝပြုနိုင်ရန် ဖွင့်လှစ် ထားမည်ဖြစ်ရာ လာရောက်ကြမည့် ပြည်သူများသည်
အနောက် ရွှေဂုံတိုင် လမ်းမှတစ်ဆင့် အနောက် ရွှေဂုံတိုင် လမ်းနှင့် အာဇာနည် လမ်းဆုံရှိ
ဂိတ်(၁)မှ ဝင်ရောက်၍ ဂိတ်(၂)မှ တစ်ဆင့် အာဇာနည် လမ်းအတိုင်း ရွှေတိဂုံ အရှေ့ဘက်မုခ်
စောင်းတန်းသို့ ထွက်ခွာရမည် ဖြစ်ပါသည်။
၎။
အာဇာနည် ဗိမာန်နှင့် ဗိုလ်ချုပ် ပြတိုက်သို့ ဝင်ရောက် ဂါရဝပြုကြမည့် သူများသည်
လက်ကိုင်အိတ်၊ လက်ဆွဲအိတ်၊ ကင်မရာ၊ လက်ကိုင်ဖုန်းနှင့် ကြိုတင် စစ်ဆေးခံယူမှု
မရှိသော ပန်းခွေ၊ ပန်းခြင်း စသည့် လုံခြုံရေးကို ထိခိုက်စေနိုင်မည့် ပစ္စည်း
တစ်စုံတစ်ရာ ယူဆောင်ခွင့် မပြုကြောင်း ကြိုတင် အသိပေး ကြေညာအပ်ပါသည်။
၅။
အာဇာနည် ဗိမာန်နှင့် ဗိုလ်ချုပ် ပြတိုက်သို့ ဝင်/ထွက်ရာ လမ်းကြောင်းနှင့်
ဂိတ်များ၌ လုံခြုံရေး အရ ရှာဖွေ စစ်ဆေးမှုများကို ပူးပေါင်း ကူညီသော အားဖြင့်
ကြည်ဖြူစွာ အစစ်ဆေး ခံပေးကြပါရန်နှင့် သတ်မှတ် လမ်းကြောင်းမှသာ စည်းကမ်း တကျ
ဝင်ရောက် ထွက်ခွာကြပါရန် မေတ္တာရပ်ခံပါသည်။
ကျင်းပရေးဦးစီးကော်မတီ
0 comments:
Post a Comment