Wednesday, July 31, 2013
0


31.7.2013၊ဗုဒ္ဓဟူးနေ့
 
ရွှေတိဂုံစေတီသို့ အရေးကြီးဧည့်သည်များလာရောက်ချိန်တွင် သတင်းသမားများ လွယ်ကူစွာသတင်း ရယူနိုင်ရန်အတွက် မီဒီယာကော်နာများထားရှိ ပေးရန် စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ဘုရားဂေါပက အဖွဲ့တို့ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

”ဧည့်သည်တော် လမ်းကြောင်းရှိတဲ့အချိန် သတင်းရယူတာ။ အဆင်ပြေအောင်ပေါ့ ။ ပြဿနာ အဖြစ်နိုင် ဆုံးအချိန်ကလည်း ဒါပဲလေ”ဟု ရွှေ တိဂုံစေတီတော် ဂေါပကအဖွဲ့မှူး ဦးဝင်ကြိုင်က ပြောသည်။

အဆိုပါ မီဒီယာကော်နာထားရှိပေးရေးကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ရွှေတိဂုံစေတီေ တာ် ဂေါပအဖွဲ့ သို့ အကြံပြုတင်ပြ ထားခြင်းဖြစ် ပြီး ဂေါပကအဖွဲ့အနေဖြင့်လည်း ယင်းကိစ္စအကောင် အထည်ပေါ်ပေါက်ရေးအတွက် အဖွဲ့အတွင်း ဆွေးနွေးမှုများ ပြုလုပ်သွားရဦးမည် ဖြစ်ကြောင်း ဦးဝင်းကြိုင် က ဆက်ပြော သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ တာဝန်ရှိသူတစ်ဦးက နှစ်ဦးနှစ်ဖက် ထိခိုက်မှုမရှိစေဘဲ အဆင်ပြေစွာဖြင့် သတင်းရယူဆောင်ရွက်နို င်ရန် အကြံပြု တင်ပြထားခြင်းဖြစ်သည်ဟု ပြောကြား သည်။

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့အနေဖြင့် မီဒီယာကော်နာထားရှိနိုင်ရေးအပြင် ဧည့်သည်တော် လမ်းကြောင်းသို့ ဝင်ရောက်၍ ဓာတ်ပုံရိုက်ကူးနိုင်ရေးအတွက်ကိုမူ မီဒီယာစိစစ်ရေးကတ်ပြားများ ထုတ်ပေး သွားမည်ဟု ဦးဝင်းကြိုင်က ပြောသည်။

၎င်းစိစစ်ရေးကတ်ပြားများကိုမူ ဂေါပကအဖွဲ့ရုံးတွင် လာရောက်ထုတ်ယူ နိုင်မည်ဖြစ်ပြီး လိုက်နာရမည့်စည်း ကမ်း ချက် အချို့ကိုမူ ကတ်ပြားေ နာက်ဘက် ခြမ်းတွင် ရေးသားဖော်ပြထားမည်ဟု သိရသည်။

”ကတ်ပြားထုတ်ပေးတာက လွယ်ပါ တယ်။ မီဒီယာသမားတွေဘက်က ဝန် ထမ်းကတ်လိုမျိုး ပေးထားခဲ့ရင် ကျွန်တော်တို့ဘက်က စိစစ်ရေး ကတ်ပြားတွေ ပြန်ထုတ်ပေးမှာပါ”ဟု ဦးဝင်းကြိုင်က ဆက်ပြောသည်။

ယခုလဆန်းပိုင်းတွင်း၌ ရွှေတိဂုံစေ တီပေါ်သို့ ထိုင်းနိုင်ငံ ဘုရင့်သမီးတော် သီရိဒုံလာရောက်ဂါရဝပြုစဉ် ဓာတ်ပုံ သတင်းထောက်တစ်ဦးနှင့် ဘုရားလုံခြုံ ရေးအဖွဲ့ဝင်အချို့တို့ ပဋိပက္ခဖြစ်ပွားခဲ့ သည်။

0 comments: