မဖွယ်မရာများ ကင်းဝေးရေးသန်လျင်နည်းပညာတက္ကသိုလ် စာသင်ခန်းများ အတန်းပြီးချိန် သော့ခတ်ပြီ Wednesday, July 31, 2013 unknown 0 31.7.2013၊ ဗုဒ္ဓဟူးနေ့ သန်လျင်နည်းပညာတက္ကသိုလ်မှ ကျောင်း သားနှင့် ကျောင်းသူတို့၏ မဖွယ်မရာ ပြုလုပ်နေ သည့် ဗီဒီယိုဖိုင် အွန်လိုင်း၌ ပျံ့နှံ့ခဲ့ပြီးနောက် ၄င်းကျောင်းအတွင်း စာသင်ချိန်ပြီးဆုံးသည်နှင့် စာသင်ခန်းများအား တံခါးသော့ခတ်သည့်ကိစ္စများ ပြုလုပ်နေပြီဖြစ်ကြောင်း ၄င်းတက္ကသိုလ်မှဒုတိယနှစ်စက်မှုအင်ဂျင်နီယာ ကျောင်းသား ကိုကျော်ဇင်ထက်က ပြောသည်။ ယခင်က အခန်းများနှင့်အဆောင်များကို တာဝန်ကျဆရာ၊ ဆရာမများမှ လှည့်လည်စစ်ဆေးခြင်း ၊ ကျောင်းမှတာဝန်ကျလုံခြုံရေးဝန်ထမ်း မှ အလှည့်ကျတာဝန်ယူခြင်းများ ပြုလုပ်သော် လည်း လက်ရှိတွင် စာသင်ခန်းတံခါးသော့ခတ် ခြင်းကိစ္စကိုပါ တိုးချဲ့ဆောင်ရွက်လာခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။ ”စာသင်ခန်းတွေကို အရင်က Lock မခတ် ဘူး။ အဆောင် Main တံခါးတွေလောက်ပဲ သော့ခတ်တာ။ အခုတော့ သော့ခတ်တဲ့အပိုင်း တစ်ခုတိုး လာတာပေါ့” ဟု ၄င်းက ပြောသည်။ အဆိုပါကျောင်းမှ ကျောင်းသား ကျောင်းသူတို့၏ ဖြစ်ရပ်မှာ ဇွန်လ ၂၆ ရက်နေ့ ပါမောက္ခချုပ်မှ ကျောင်း သူ၊ ကျောင်းသားအားလုံးကို ကျောင်းခန်းမတွင် စုဝေးတွေ့ဆုံနေချိန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်း သန်လျင်နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ဇူလိုင်လ ၂၈ ရက်တွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ သန်လျင်နည်းပညာတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဒုတိယနှစ် တက်ရောက်နေသည့် ကျောင်းသားကို စည်သူအောင်က ဖုန်းနှင့်နည်းပညာ ပစ္စည်းများ တိုးတက်ပေါများလာခြင်းကြောင့်သာ ယခုကဲ့သို့အွန်လိုင်း၌ လွယ်လွယ်ကူကူ ပျံ့နှံ့ သွားခြင်းဖြစ်သည်ဟု ပြောကြားသည်။ လက်ရှိတွင် အဆိုပါမဖွယ်မရာ ပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူနှင့် ဗီဒီယိုဖိုင် ဖြန့်ချိသူများကို အရေး ယူခြင်းမျိုး ပြုလုပ်ခြင်းမရှိသေးဘဲ ကျောင်းသားအချင်းချင်း ထိန်းသိမ်းသည့်ပုံစံမျိုးဖြင့် သာဆောင်ရွက်နေ သည်ဟု စက်မှု အင်ဂျင်နီယာကျောင်းသား ကိုကျော်ဇင်ထက်က ဆက်ပြောသည်။ ”ကျောင်းသားတွေကိုယ်တိုင်လည်း ဒီကိစ္စလိုမျိုး လုံးဝလုပ်ရဲတော့မှာ မဟုတ်ပါဘူး။ သူတို့လည်း သိသွား ပါပြီ”ဟု ကိုစည်သူအောင်က ဆို သည်။ အထက်ပါကိစ္စများနှင့် စပ်လျဉ်း၍ သန် လျင်နည်းပညာတက္က သိုလ် ကျောင်းသားများမှ ဇူလိုင်လ ၂၈ ရက်နေ့တွင် သတင်းစာရှင်းလင်း ပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း ကျောင်း ပါမောက္ခ ချုပ်မှ ကျောင်းသား၊ ကျောင်းသူအားလုံးကိုခေါ်ယူ၍ ၄င်းကိစ္စများနှင့် ပတ်သက် သည့် ဆွေးနွေးပွဲတစ်ရပ် ကို ကျောင်း စုဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment