Wednesday, July 31, 2013
0


31.7.2013၊ဗုဒ္ဓဟူးနေ့
 
နေ့စဉ်မျက်နှာကို လိမ်းခြယ်ကြ သော်လည်း အချို့မှာ လည်တိုင်ကို လိမ်းရန်မေ့လျော့ကြသည်မျိုးလည်း မကြာမကြာ ရှိတတ်သည်။ သို့ဖြစ်၍ လည်တိုင်၏အသားအရေသည် မျက်နှာနှင့်ညီညာအောင် အရောင်မျိုး မရှိတတ် သည်ကို တွေ့ရှိရသည်။


သို့ဖြစ်၍လွယ်ကူသောလည်တိုင်လိမ်းရည်၊ခရင်မ်များကိုဖော်ပြရလျှင်
- ဘောရက်(Borax) ပေါင်ဒါမှုန့် စားပွဲဇွန်း (၃) ဇွန်း
- အလှဆီ (ဂလစ်စရင်း) စားပွဲဇွန်း (၂)ဇွန်း
- နှင်းဆီရည် လက်ဖက်ရည်ခွက် (၂)ခွက်  
တို့ကို ရောပြီး လည်တိုင်ကို အပြင်လက်မောင်း ပုခုံးတို့ကိုလည်းလိမ်းပေးပြီးတစ်ညထားပါ။

အခြားတစ်နည်းမှာ
ထောပတ်နှင့် လင်နိုလင် (lanolin)ဆီကို ဆတူရောပြီးခေါက်ပါ။ နှစ်ထပ်ပါသော ဒယ်အိုးပြားတွင် အောက်အိုး၌ ရေနွေးထည့် အပေါ် အိုးတွင် ခရင်ခွက်ကိုထား၍ အပူပေး ပါ။ ဤခရင်ကို လည်တိုင်၊ ပုခုံး တို့တွင်လိမ်း၍ တစ်ညသိပ်ထားပါ။ နံနက်တွင် ဆေးကြောလိုက်ပြီး နောက်ညီညာသော ဖြူဝင်းသော လည်တိုင်၊ ပုခုံးများကို တွေ့ရှိရပါ မည်။


0 comments: