Monday, August 12, 2013
0
 

(၁) ၂၀၁၃ ခုနှစ်အတွင်း ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်းတွင် (၁၁)လုံးမြောက်ဖြစ် ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ETOR ဟာ (၁၁-၉၈-၂၀၁၃)ရက် ညပိုင်းအချိန်မှာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်နေ ပါတယ်။ အဲဒီမုန်တိုင်းဟာ အနောက်မြောက်ဖက်ကိုဆက်လက်ေ၇ွ့လျှားပြီး (၁၄-၈-၂၀၁၃)ရက်နေ့ ညနေပိုင်းမှာ တရုတ်ပြည်တောပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက် လိမ့်မယ်လို့ ခန့်မှန်းထား ပါတယ်။


(၂) အမေရိကန်ပြည်ထောင်စုရှိJTWCရဲ့ ခန့်မှန်းချက်မှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ တိုငဖါန်းမုန်တိုင်း UTOR ဟာ Super Typhoon အဆင့်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါ တယ်။ လောလောဆယ်မှာတော့ (၁၁-၈-၂၀၁၃)ရက်ညပိုင်းကစပြီး ဖိလစ်ပိုင်နိုင် ငံမြောက်ပိုင်း ကို ဖြတ်သန်းနေပြီဖြစ်ပါတယ်။ စိတ်မကောင်းစရာ သတင်းတွေကိုတော့ မကြာခင်ကြားရဦး မှာပါဘဲ။ JTWC ခန့်မှန်းချက်ကတော့ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖြတ်အပြီး အနောက်မြောက်ဖက်ကိုဘဲ ဆက်လက်ရွေ့ လျှားပြီး၊ တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေကို (၁၄-၈-၂၀၁၃)ရက် ညနေပိုင်း မှာ ဖြတ်ကျော် ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

(၃) (၁၁-၈-၂၀၁၃)ရက်ည(၉)နာရီခွဲအချိန်အထိ လွန်ခဲ့တဲ့(၂၄)နာရီအတွင်း မိုးရေချိန် ၃၅ မမ(၁.၄ လက်မ)နဲ့အထက် မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့ဒေသတွေကတော့ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ ကချင်းပြည်နယ် တို့မှာ ဒေသ အလိုက် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ဧရာဝတီတိုင်းအရှေ့ပိုင်း တို့မှာ နေရာကွက်မိုးကြီးခဲ့ကြပါတယ်။ကမ်းရိုး တန်းဒေသများမှာ မုတ်သုံလေအားနည်းနေမှုကြောင့် မုတ်သုံမိုးတွေလျော့နည်းနေတာကို ဆက် လက် တွေ့ရပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာတော့ တိုင်ဖွန်း မုန်တိုင်း Mangkhut ရဲ့ လက်ကျန် တိမ်တိုက်များကြောင့် မိုးရနေပါတယ်။

(၄) (၁၁-၈-၂၀၁၃)ရက်ည(၉)နာရီခွဲအချိန် အထိ နောက်ဆုံးဖြစ်ပေါ်နေ တဲ့ ရေကြီးမှုဘေး ကြုံတွေ့နှိုင်တဲ့ အလားအလာအမြင့်မားဆုံးဖြစ်နေတဲ့ ဒေသတွေကတော့ ဧရာဝတီတိုင်းအရှေ့တောင်ပိုင်း။ ရန်ကုန် တိုင်းတောင်ပိုင်း နဲ့ ပဲခူးတိုင်းတောင်ပိုင်းတို့ဖြစ်ကြပါတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း နဲ့ ကချင်ပြည်နယ် တို့မှာလည်း ရေကြီးမှုဘေးအန္တရာယ်တွေ တိုးလာနေပါတယ်။

(၅) (၁၁-၈-၂၀၁၃)ရက်ည(၉)နာရီခွဲအချိန်အထိ လွန်ခဲ့တဲ့(၇)ရက်တာကာလအတွင်း မိုးများရွာသွန်း ခဲ့မှုကြောင့် မြေပြိုမှုတွေ ဖြစ်ပေါ်နေခဲ့ရာမှာ လက်ရှီအချိန် မှာ မြေပြိုကျမှု အန္တရာယ်အမြင့်မားဆုံးရှိနေတဲ့ဒေသကတော့ ကချင်ပြည်နယ်မြောက်ပိုင်းဒေသ နဲက စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတွေ ဖြစ်ပါတယ်။ အသက်အန္တရာယ် ရှိနှိုင်တဲ့ ကိစ္စဖြစ်လို့ ဒေသခံများသတိရှိစေလိုပါတယ်။

ဒေါက်တာထွန်းလွင်

0 comments: