Friday, August 23, 2013
0
သူမလေးဟာအသက်အရွယ်အားဖြစ် (၁) နှစ်ခွဲ အရွယ်လေး ၊လမ်းတောင်ကောင်းမွန်စွာ မလျှောက် နိုင်သေး သည့် အရွယ်လေးပါ။ သို့သော် သူမ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း ကိုတော့ လိုအပ်နေသည့် သူထံသို့ လှူဒါန်းကာ အသက်ရှင်သန်ခွင့် ပေးခဲ့သည့်အလှူရှင်လေးပေါ့။
Hanano Oyama ဆိုသူသည် တစ်နှစ်ခွဲအရွယ် စကာင်္ပူနိုင်ငံဖွား၊ ဂျပန်မလေးဟာလွန်ခဲ့သည့် သူမနေထိုင် ရာRobertson Quay ကွန်ဒိုမီနီယံထဲက ရေကူးကန်ထဲမှာ မတော်တဆ  ရေနစ်သေဆုံးခဲ့ရပါတယ်။ ရုတ် တရက်ရေနစ်သေဆုံးပြီးနောက်မှာ ဆက်လက်အလုပ်လုပ်နေဆဲဖြစ်သည့် သူမ၏ကိုယ်အင်္ဂါအစိတ်အပိုင်း များထဲမှ ကျောက်ကပ်တစ်စုံနှင့်နှလုံးအဆို့ (heart valve) ကို လှူဒါန်းခဲ့ပါသည်။

သူမ သေဆုံးပြီဟု အတည်ပြုပြီးသည့် နောက်မှာ သူမ၏မိဘများက ကလေးငယ်၏ ကျောက်ကပ် တစ်စုံနှင့် နှလုံးအစိတ်အပိုင်းကို အခြားလိုအပ်နေသည့် ကလေးငယ်ထံ လှူဒါန်းဖို့ ခွင့်ပြုခဲ့ပါသည်။

“ကျွန်တော်တို့သမီးလေးဟာ သေဆုံးပြီး လောကကြီးထဲက ထွက်ခွာသွားခဲ့ပေမဲ့ သူမလေးရဲ့ ကိုယ် အင်္ဂါလေးတွေဟာ ဆက်လက်ရှင်သန်နေပါသေးတယ်။ သူဟာ အခြားသူတစ်ဦးကို ကယ်တင်ပေးနိုင်ခဲ့ တယ်။ ယခုလိုမျိုး မွန်မြတ်သည့် အလှူကို လှူဒါန်းရခြင်းဖြစ် ကျွန်တော့်သမီးလေးအတွက် ကျွန်တော်ဂုဏ် ယူခြင်ပါတယ် ” ဟု သူမ၏ဖခင် ဂျပန်နိုင်ငံသား Norimichi Oyama ကဆိုပါတယ်။ကံကြမ္မာ အကြောင်းကြောင်းကြောင့် လူ့လောကထဲမှ စောစီးစွာ ထွက်ခွာသွားခဲ့ရပေမဲ့ သူမခန္ဓာကိုယ် အစိတ် အပိုင်းနှင့် လူ့အသက်ကို ကယ်တင်သွားခဲ့သည့် သမီးငယ်လေး Hanano Oyama ဘဝအဆက်ဆက် ယခုလို အဖြစ်ဆိုးနှင့် ကွေကွင်းနိုင်ပါစေ။..

credit:myanmar update channel

0 comments: