Friday, August 23, 2013
0

လက်ရှိအသုံးပြုနေသောထီးများနှင့် ဒီဇိုင်းပိုင်း အတွင်းအပြင် လုံးဝကွဲပြားသော ထီးသစ်တစ်မျိုးကို ပညာရှင်များက တီထွင်လျှက်ရှိနေကြောင်းသိရှိရသည်။ Rainshader ဟု အမည်ပေးထားသော ထီးသစ် သည် အားပြင်းသောလေဒဏ်ကြောင့် ထီးရွက်လန်သွားသည့် ပြဿနာမျိုး မပေါ်ပေါက်အောင် တားဆီးနိုင် သလို ထီးရွက်ကြောင့် အသုံးပြုသူ၏ မြင်ကွင်းပိုင်း မရှင်းလင်းမှုမျိုး မဖြစ်နိုင်အောင် ဖန်တီးထားသည်။ ယင်းထီးကို ကိုင်ဆောင်ခြင်းဖြင့် မိုးလုံအောင် ငိုက်ငိုက်ဆောင်းထားခြင်းကြောင့် လူချင်းဝင်တိုက်သည့် ကိစ္စမျိုးကိုလည်း အလိုလိုရှေင်လွှဲနိုင်မည်ဖြစ်သည်။ခေါင်းဆောင်းတစ်ခု သဏ္ဍာန်နှင့်ဆင်တူသည့်  Rainshader ထီးတွင် ထီးကိုင်းများအား ဖိုင်ဘာဂလက်စ် ဖြင့် တည်ဆောက်ထားသည်။




ယင်းထီးကိုကိုင်ဆောင်ရာတွင် တစ်နာရီမိုင်(၄၀)မျှ လေတိုက်နှုန်းပင် ထီးရွက်လန်ထွက်မသွားနိုင်ကြောင်း သိရသည်။  Rainshader ကို ၀ါးဝစ်ခ်ရှိုင်းယားရှိ Hospital Umberllas ထီးကုမ္ပဏီက ဒီဇိုင်းဖန်တီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ပိုလီစတာထီးရွက်တွင် ထီးကိုင်း(၁၀)ချောင်းကို ယှက်ဖြကြာ တည်ဆောက် ထားသည်။ ပြီးခဲ့သည့်နှစ်က Wet and Grand National တွင်ရရှိလာသည့် စိတ်ကူးဖြင့် အဆိုပါထီးကို အကောင်အထည်ဖော်ခဲ့ခြင်းဟု ဒီဇိုင်းပညာရှင် စတီဇင်ကိုလင်းက ဆိုသည်။၎င်းက မိမိသည် လူကြားထဲ တွင် ထီးဆောင်းထားရင်း အားကစားပွဲတစ်ခုကိုရှင်းရှင်းလင်းလင်း ကြည့်မြင်နိုင်မည့် ထီးမျိုးကို တီထွင်ရန် စိတ်ကူးခဲ့ခြင်းဟု ရှင်းပြခဲ့သည်။
သာမန်ထီးတစ်ချောင်းမှာ ရှေ့ကိုမြင်စေနိုင်ဖို့အတွက် လူတွေက ထီးကိုမြှောက်ကိုင်ရတယ်။  Rainshader  မှာက ရှေ့ပိုင်းက မြင်ကွင်းရှင်းပြီးသားလေ၊ လေဒဏ်ကိုလည်းသူကခံနိုင်ရည်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီဇိုင်းအရ ပိုသွယ်လျတာကိုး။ ကျွန်တော်တို့ စမ်းသပ်ပြီးသား အခြေအနေအရ တစ်နာရီ မိုင်(၄၀)လောက် တိုက်ခတ်နေတဲ့ လေဒဏ်ကို ဥမင်တစ်ခုထဲမှာ ကောင်းကောင်းခံနိုင်ရည်ရှိတယ် ဟု ပြောကြားခဲ့သည်။ Rainshader ကို တစ်လက်လျှင်(၂၄.၉၉)ပေါင်ဖြင့် ရောင်းချသွားရန်ကုမ္ပဏီကစီစဉ်နေကြောင်းသိရှိရသည်။

0 comments: