Friday, August 23, 2013
0

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်အခန်းတွင်  ဦးခေါင်းခွံမပါသည့်   ကလေးငယ်တစ်ဦး  မွေးဖွားခဲ့ကြောင်း သိရသည်။မနှင်းဝတ်ရည်အသက် (၂၅ နှစ်)  မြို့မကျောင်းလမ်း သွယ် (၁၉)ရပ်ကွက် တောင်ငူမြို့နေသူက ကိုယ်အလေးချိန် ငါးပေါင်ခြောက်အောင်စရှိ  အဆိုပါ  ကလေးငယ် (မိန်းကလေး)ကို မွေးဖွားခဲ့ပြီး  တောင်ငူမြို့  ပြည်သူ့ဆေးရုံကြီး  ကလေးအထူးကု  ဆရာဝန် များက  အထူးဂရုစိုက်ထားကြောင်း သိရသည်။

 တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးညွန့်ဝေက ''ဒီရောဂါက Aniencephaly ဦးခေါင်း ခွံမပါတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဆေးပညာအရတော့ သိပ်ပြီးအထူးအဆန်းကြီးတော့မဟုတ်ဘူး။ ဖြစ်လေ့ဖြစ် ထရှိတယ်၊ တစ်ထောင်မှာ တစ်ဦးလောက်တော့ဖြစ်နိုင်တယ်၊ မိခင်ကို ကလေးမမွေးဖွားခင်ကတည်းက  အာထရာဆောင်းရိုက်ကြည့်တော့ ကလေးဦးခေါင်းခွံမပါဘူးဆိုတာ ပြောပြပြီး ပညာပေးနှစ်သိမ့် ဆွေးနွေး ပြီးသားပါ၊ ကလေးကသားဦးလည်းဖြစ်တယ်၊တင်ပါးဆုံကမွေးတော့ ခွဲစိတ်ပြီး  မွေးဖွားခဲ့ရတယ်၊ ကလေး ကအသက်ဆက်ရှင်ဖို့ ရာခိုင်နှုန်းနည်းပါးတယ်၊ အများအားဖြင့်  ဒီလိုမျိုးဆို အသက်နှင့်ပါလာပြီး မွေး ဖွားနိုင်တာရှားတယ်''ဟု ကလေးမွေးဖွားလာပုံနှင့် ပတ်သက်ပြီး ဆေးပညာအရရှင်းပြခဲ့သည်။    
သူရ (တောင်ငူ)
Featured News:

0 comments: