Wednesday, August 21, 2013
0

ရေခဲရေ - အားကစား ဒါမှမဟုတ် အလုပ်လုပ်ပြီးတဲ့အခါ ရေခဲရေကိုသောက်ရင် ခန္ဓာကိုယ်ကို အပူချိန်ကျ ဆင်းဖို့အကူအညီပေးပါတယ်။ ဒါပေမယ့် ရေခဲရေသောက်ခြင်းဖြင့် သွေးကြောတွေကို တင်းကြပ်စေပြီး ခန္ဓာကိုယ်မှ ရေဓာတ်နဲ့ အာဟာရစုပ်ယူနိုင်စွမ်းကိုလျော့ကျစေပါတယ်။ ဒါ့အပြင်အစာစားပြီး ရေခဲရေေ သာက်ရင် အစာမှာပါတဲ့ အဆီတွေကိုခဲစေပြီး အစာကြေဖို့အတွက်ခက်ခဲစေပါတယ်။

ရေနွေး - ရေနွေးသောက်ခြင်းဖြင့် သွေးကြောတွေကိုပြေပြစ်ချောမောစေပြီး ခန္ဓာကိုယ်မှ ရေဓာတ် ပိုမိုစုပ် ယူနိုင်စေပါတယ်။ရေနွေးသောက်ရင် သွေးလွှတ်ကြောမှာသွေးကြောပိတ်ဆို့ခြင်းကို လျော့ကျစေပြီး အစာချေဖျက်အားကိုလည်းကောင်းစေပါတယ်။ ဒါ့အပြင် ကျောက်ကပ်နဲ့ အူတို့ရဲ့လုပ်ဆောင်ချက်တွေ ကို ကောင်းမွန်အောင်ကူညီပေးပြီး နေမကောင်းဖြစ်တဲ့အခါ ရေနွေးကိုသောက်ပေးရင် ခန္ဓာကိုယ်ရောဂါ ပိုးမွှားတွေကို တိုက်ခိုက်ဖို့အားပေးပါတယ်။

ref: Health tips

Bell Bagan

0 comments: