Friday, August 23, 2013
0
မိဘများ လိုက်နာရမည့် ကျင့်ဝတ်ငါးပါးကိုဟောကြားတော်မူရာ၌ “မကောင်းမြစ် တာ၊ကောင်းရာညွန် လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင် ၊ဖခင်မယ်တို့တာ” ဟူ၍ ထိမ်မြား မင်္ဂလာပြု လုပ်ပေးရမယ်ဟု ညွန်ပြတော်မူခဲ့ပါတယ် ။ ။
မိဘတွေဘက်က သား သမီးကို ထိမ်းမြားခြင်းဆိုတဲ့ဤနေရာမှာ အလေးအနက် ထားလျှက် “ပကတိ ရူပန ဒါနေန သံယောဇန္တိ” မိမိတို့၏ မျိုးရိုးစဉ်လာ၊ကိုးကွယ်သည့်ဘာသာ၊ရုပ်ဆင်း အင်္ဂါ၊ ကျုယ်ကျင့်သီလစသည် တို့ဖြင့် သင့်လျှော်လျောက်ပတ်သည့် အမျိုးသားအမျိုးသမီးများနှင့် ထိမ်းမြားပေးရမည်ဟု ထပ်ဆင့်
ညွန်ပြတော်မူခဲ့ပါတယ်။
ဘ၀တစ်သက်လုးံ အိမ်ထောင်ဘက်အဖြစ် တစ်ဦးနှင့်တစ်ဦး ရွေးချယ်ကြရာ၌ ....
(၁) သမသီလ၊ အကျင့်စရိုက်=သီလချင်းတူညီရမယ်။
(၂) သမစာဂ၊ အလှူအတန်းရက်ရောမူ=စေတနာချင်း၊၀ါသနာချင်းတူညီရမယ်။
(၃) သမသဒ္ဓါ၊ ကံကံ၏အကျိုးကိုယုံကြည်မူ=ရတနာသုးံပါးတို့အပေါ် ယုံကြည်မူချင်းတူညီရမယ်။
(၄) သမပညာ၊ အသိဥာဏ်=ကိုးကွယ်ယုံကြည်မူဘာသာအယူဝါဒချင်းလည်းတူညီရမယ်။
ထိုကဲ့သို့သော အိမ်ထောင်ဘက်တို့ လက်ချင်းဆက်ကြပါမူယခုဘ၀၌လည်း အိမ်ထောင်ရေး သာယာ ချမ်းမြေ့ကြပြီးနောင်ဘ၀ အဆက်ဆက်မှာလည်းပဲ မကွဲမကွာ လက်တွဲမဖြုတ်ကြဘဲ ပါရမီရှင် အိမ်ထောင် ရှင်များ အမှန်ပင်ဖြစ်ကြပေမည်ဟု မြတ်စွာဘုရားရှင်က အတိအလင်းဟောကြားတော်မူခဲ့ပါတယ်။
အသွင်တူမှ အိမ်သူဖြစ်နိုင်သည်ဟူသော မြန်မာစကားပုံအတိုင်း အိမ်ထောင်ဘက်ချင်း အသွင်တူစေရန် အရေးကြီးလှသဖြင့် အသွင်တူသည့်အိမ်ထောင်ဘက်လေးမျိုးမှာ …..
(၁) အကျင့်သီလကင်းမဲ့၍ လွဲမှားသော မိစ္ဆာအယူရှိသည့်အမျိုးသားနှင့် အမျိုးသမီးထိမ်းမြားမှူ။
(၂)အကျင့်သီလနှင့်ပြည့်စုံ၍ မှန်ကန်သော ဘာသာအယူဝါဒတူ သမ္မာဒိဌိအယူမှန်ရှိသော အမျိုးသားနှုင့်
အမျိုးသမီးတို့ထိမ်းမြားမှူ
(၃) အကျင့်သီလ ကင်းမဲ့၍ လွဲမှားသော မိစ္ဆာအယူရှိသည့် အမျိုးသားနှင့် အကျင့်သီလနှင့်ပြည့်စုံ၍
မှန်ကန်သော သမ္မာဒိဌိ အယူရှိသူအမျိုးသမီးတို့ ထိမ်းမြားမှူ၊ 
(၄)အကျင့်သီလနှင့် မှန်ကန်သော သမ္မာဒိဌိ အယူရှိသောအမျိုးသားနှင့် အကျင့်သီလကင်းမဲ့၍ လွဲမှားသော
မိစ္ဆာဒိဌိအယူရှိသည့် အမျိုးသမီးတို့ ထိမ်းမြားမှူဟု..ထိမ်းမြားမူလေးမျိုးရှိပါတယ်။
ထိုလေးမျိုးတို့တွင် နံပါတ်(၂)ဖြစ်တဲ့ အသွင်တူချင်းအိမ်ထောင်ဘက်ပြုခြင်းဟာ ကောင်းမြတ်ပြီး မင်္ဂလာ
ရှိပါတယ်။
“အိမ်ထောင်မှူ၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုး၊ဤသုးံချက် မပိုင်လျှင် နောင်ပြင်နိုင် ခက်သည့်အမျိုး” ဟူသောပညာရှိများအဆိုအရ .. နောင်သောအခါဝယ် ပြုပြင်ပြောင်း လဲရန် ခဲရင်းလှပြီး သံသရာ တစ်လျှောက်လုးံ နစ်မွန်းနိုင်သော လုပ်ငန်းမျိုးဖြစ်သဖြင့်ကိုးကွယ်ယုံကြည်မူကွဲပြားသောသူတို့နှင့် လုးံဝ
ထိမ်းမြားမှူ မပြုလုပ်ရန် အထူးသတိထား ဆင်ခြင်ရပါမယ်။
အသွင်မတူပါက တစ်သက်လုးံ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။အမျိုး သားရော ၊ အမျိုးသမီးပါ နှစ်ဦးစလုးံ …သဒ္ဓါတူ၊ ပညာတူ၊ သီလတူ၊ အသက်မွေးစင်ကြည်မူတူညီကြပါမူ ဤဘ၀တွင်လည်း သာယာမူပြည့်ဝ၊ပျော်ရွှင်မူထာဝရ ရရှိနိုင်သော အိမ်ထောင်ရှင်များအမှန်ပင် ဖြစ်ကြ ပီး နောင်ဘ၀ သံသရာ၌လည်းနတ်ပြည်လောကသို့ ဧကန်မုချ ရောက်ကြပါလိမ့်မယ်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင် တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.
- အရှင်စန္ဒိမာ(ဓမ္မလရိပ်)
0 comments: