မြန်မာနိုင်ငံထားဝယ်မြို့သည် ထိုင်းနိုင်ငံမြို့ တော်ဘန်ကောက်၏ အနောက်ဖက် မိုင် ၂၂၀ အကွာမှာ တည်ရှိ ပါသည်။
ထို့ မြို့ နှစ်ကိုတောင်ထူထူတောနက်ကြီးက ပိုင်းခြားထားပြီး ဘယ်သောအခါကမှ
ဆက်သွယ် လမ်းပေါက်မှုမရှိပါ။
သိုသော်လည်း လွန်ခဲ့ သည်ငါးနှစ်အတွင်းမှာ ထိုင်းနိုင်ငံ၏ အကြီးဆုံးကုမ္ပဏီဖြစ်သည့် အီတာလျံ ထိုင်းဆောက်လုပ်ရေးကုမ္ပဏီက ထိုတောကြီးကို ဖြတ်ပြီး အမေရိကန် ဒေါ်လာတသန်းလောက် ကုန်ကျ မည့်  လမ်းကြီးဖောက်လုပ်ရန် လမ်းရှင်းနေပါသည်။ သူတို့ အစီအစဉ်မှာဘန်ကောက်က ဒေါ်လာဘီလီယံ ငါးဆယ်မြုပ်နှံထားသည့်စက်မှုဇုန်နှင့် အက်ဒမန်ပင်လယ်ကွေ့ က ထားဝယ်ရေနက်ဆိပ်ကမ်းကို ဆက် သွယ်ချိတ်ဆက်ရန်ဖြစ်ပါသည်။
ထိုစီမံကိန်းက ၂၀၀၆ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းခံလိုက်ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်၏ စီစဉ်ခဲ့ သော စီမံကိန်းဖြစ်သည်။ သူအာဏာရှိစဉ်က ထိုစီမံကိန်းကို အဆိုပြုခဲ့ တာဖြစ်ပြီး အကောင်အထည်မဖော်ခဲ့ သည့် စီမံကိနိးများစွာထဲက တခုဖြစ်သည်။ ပြီးခဲ့သည့်နှစ်နှစ်အတွင်မြန်နိုင်ငံ မှာပြုပြင်ပြောင်းလဲရေးများပြုလုပ်ခဲ့ပြီး မြန်မာအစိုးရက တံခါးဖွင့်လာပြီးနောက်မှာတော့တချို့ က မစ္စတာ သက်ဆင်သည် အနာဂတ်ကို မြင်နိုင်စွမ်းရှိသည်ဟု မှတ်ချက်ချခဲ့ သည်။ သက်ဆင်၏ ညီမဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ်ယင်းလပ်က ထိုလမ်းပေါ်က နယ်စပ်စခန်းများကို မကြာခင် အဆင့်မြှင့်တင်ရန်ရှိသော် လည်း ငွေကြေးအခက်အခဲကြောင့် ထိုစီမံကိန်းအခြေအနေနှင့်ပတ် သတ်ပြီးမေးခွန်းထုတ်စရာတွေ ရှိလာပါ သည်။
စီမံကိန်းကြီးက ပမာဏာအားဖြင့်ကြီးလွန်းလှသည်။ အကျယ် ၂၀၅ စတုန်းကီလိုမီတာရှိသည့် စီမံကိန်း ဧရိယာသည် ဗီယက်နမ်နိုင်ငံမြို့ တော်ဟနိုင်း၏ အရွယ်အစားခန့်ရှိပြီး ထိုင်းနိုင်ငံ၏ အကြီးဆုံးစက်မှုဇုန်ဖြစ် သည် မက်တဖွတ်စက်မှုဇုန်ထက် ဆယ်ဆခန့် နီးပါးရှိသည်။ ထိုင်းနိုင်ငံက အက်ဒမန်ပင်လယ်ကွေ့ ပေါ်မှာ ကမ်းရိုးတန်းရှိသော်လည်း နိုင်ငံတောင်ပိုင်းမှာဖြစ်သည်။ ထားဝယ်ကနေ ဘန်ကောက်ကို သွားနိုင်မှုနှင့် မြန် မာနိုင်ငံဘက်က အလုပ်သမားဈေးပေါမှုတို့ ကလည်း မက်လုံးပေးဆွဲဆောင်မှုရှိသည်။
ထိုဆိပ်ကမ်းသည် မြောက်ဘက်ပိုင်းအတွက် အရေးပါသော ဆိပ်ကမ်းတခုဖြစ်လာပြီး မလက္ကာရေ လက်ကြားကို သွားမည့်သဘောင်္များအတွက်လည်း စခန်းတခုဖြစ်လာမည်။ ထိုဆိပ်ကမ်းစီမံကိန်းကြောင့် ထိုင်းနိုင်ငံ၏ နိုင်ငံသားတဦးချင်းဝင်ငွေ ကို ၂ရာခိုင်နှုန်းတိုးလာနိုင်ဖွယ်ရာရှိသည်။
ထိုင်းနိုင်ငံမှ လူလတ်တန်းစားများလည်း သူတို့ ၏ ဂျပန်လုပ်ကားများကို မကြာခင်တောင်တွေပေါ် ကနေ မောင်းနိုင်လာပြီး တောကြီးကို ဖြတ်ကာမြန်မာနိုင်ငံကိုသွားနိုင်မည်။ အရှေ့ တောင်အာရှ၏ နိုင်ငံတ ကာကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းလမ်းမသစ်ကြီးတခုအဖြစ် မျှော်လင့်ချက်များကြောင့် ထိုင်းနိုင်ငံ ကန်ချနပုရီပြည်နယ်ဒေသအချို့ က မြေဈေးများပင် ဈေးတက်လာခဲ့ သည်။
သို့ သော်လည်းထားဝယ်သွားသည့်လမ်းပေါ်မှာတော့ တောခွေးများက ကားတွေထက် ပိုများတုန်းဘဲဖြစ် သည်။ တောကြီးက အတောနက်ပြီး လူသူအသွားအလာမရှိသည့်တောဖြစ်သည်။ လုံခြုံရေးအတွက်စိုးရိမ် စရာရှိသည်။ ကရင်လက်နက်ကိုင်အဖွဲ့ ကေအန်ယူနှင့် မြန်မာအစိုးရတပ်များ အပစ်အခတ်ရပ်စဲထားသော် လည်း ဒေသတွင်းတွင် ကိုယ့်အပိုင်းတွင် ကိုယ်သာအုပ်ချုပ်နေကြသည်၊ တချို့ မြေမြုပ်မှိုင်းများက ရှင်းလင်းပြီးသော်လည်း ဒေသခံများက အစောင့်ချထားသော စစ်တပ်ကို ကြောက်နေကြတုန်းဘဲဖြစ်သည်။
စစ်ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်းဖြစ်သူ အီတာလျံထိုင်းကုမ္ပဏီ၏ အထူးစီမံကိန်းမန်နေဂျာက ဦးထင်အောင်ကသူနှင့်ထိုင်းအလုပ်ရှင်ပရမ်ချိုင်းကာနာဆုတတို့ကထိုလမ်းပေါ်မှာလုံခြုံရေးအတွက် ကေအန် ယူခေါင်းဆောင်ပိုင်းနှင့် ၂၀၀၈- ၂၀၁၀ခုနှစ်တွင် ဆွေးနွေးညိနှိုင်းခဲ့သည်ဟုဆိုသည်။ သို့ သော် လည်း မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးနှင့် ထိုင်းနိုင်ငံ၏ လိုက်လျောမှုက ကမ္ဘာမှာ သက်တမ်းအ ရှည်ဆုံးသူပုန်အဖွဲ့ တခုဖြစ်သည့်ကေအန်ယူကို ချုပ်ငြိမ်းပပျောက်နိုင်မည်လားဆိုသည်မှာတော့ မသေချာ မရေရာပါ။
“အဲလို သူတို့ က မငြိမ်းချမ်းဘူးဆိုရင် ဘယ်ရင်းနှီးမြုပ်နှံသူက လာမှာလဲ”
ယခု ၃၀ ကီလိုမီတာ အကျယ်အ၀န်းမှာတောင် အီတာလျံထိုင်းအလုပ်စခန်း တွင် လောင်စာဆီများရှိ သည်။ ဆောက်လုပ်ရေးပစ္စည်းများနှင့် အင်ဂျင်နီယာများအတွက် တဲစခန်းများရှိသည်။ ရေဒီယို ဆက်သွယ်ရေးပါသည့် ပစ်ကပ်ကား ငါးဆယ်ခန့်ရှိသည်။ဝါးတိုင်များနှင့်ထောင်ထားသည့် ဖိုက်ဘာအော်ပ တစ်ကြေးနန်း ဆက်ကြောင်းများကလည်း ၁၅၀ ကီလိုမီတာဝေးသော ထိုင်းမြန်မာနယ်စပ်မှ ထားဝယ် ကမ်းခြေနားရှိ ရုံးခန်းအဆောက်အအုံများကို ဆက်သွယ်ပေးထားသည်။
ဆိပ်ကမ်းဆောက်လုပ်ရန်ရည်ရွယ်ထားသည့်မူတုဆိုသော ရွာထဲမှာ မသိန်းအေးဆိုသည့်အသက် ၄၈နှစ်အရွယ်အမျိုးသမီးတဦးကလဖက်ရည်ဆိုင်နှင့်ခေါက်ဆွဲဆိုင်လေးဖွင့်ထားသည်။ ဒေသခံနိုင်ငံရေးသမား များက သူ့ ဆိုင်ကို ဇွန်လမှာ သိမ်းရန်ပြောခဲ့ သည်။ သို့ သော်လည်း သူတို့ မိသားစုပြောင်းရွေ့ရန်ပြင်ထား သည့် အိမ်သစ်ကို ပြောင်းရွေ့ရန် ဘယ်သူလာမကူကြပါ။
ထားဝယ်ရေနက်စီမံကိန်း၏ အဓိကအခက်အခဲမှာ ငွေကြေးပင်ဖြစ်သည်။ ဂျပန်ရင်းနှီးမြုပ်နှံသူများက တခါတခါလေယာဉ်ပျံဖြင့်ရောက်လာတတ်သော်လည်း ထားဝယ်ဆိပ်ကမ်းတကယ်ဖြစ်လာမည်ဟု သူတို့ ကလည်းမယုံကြည်ကြသေးပါ။
ထို့ အပြင်ဂျပန်များက ရန်ကုန်မြို့ အနီးက သီလ၀ါဆိပ်ကမ်းကိုသာအာရုံစိုက်နေကြသည်။ အစိုးရပိုင်ထိုင်း ဘဏ်များအုပ်စု က ထားဝယ်ဆိပ်ကမ်းအတွက် ရှေ့ဆက်သွားနိုင်ရန် အမေရိကန်ဒေါ်လာလေးသန်းကို မတည်ပေးထားသည်။ သို့ သော်လည်းထိုစီမံကိန်းဆက်သွားနိုင်ရန် ငွေအမြောက်အများလိုအပ်နေပါသည်။
ပြီးခဲ့ လပိုင်းက တဦးတည်းကန်ထရိုက်ရထားသောအီတာလျံထိုင်းကုမ္ပဏီဆီကစီမံကိန်းကို မြန်မာနှင့် ထိုင်း အစိုးရတို့  က ပြန်ယူသွားသည့်အခါ ကုမ္ပဏီဒုဥက္ကဌ အနန် အမရာပါလခမျာ စိတ်ပျက်လက်ပျက်ဖြစ်ရမှုမှု ကို ဖုံးကွယ်မထားနိုင်တော့။။သူတို့ သည် ဆောက်လုပ်ရေးလုပ်ငန်းများ၏ ရှေ့ ပြေးလုပ်ငန်းများကို လုပ်ဆောင်ထားပြီးသည့်အခြေအနေတွင်ရောက်နေပြီဟုသူကဆိုသည်။ စီမံကိန်းမြေပြင်သည် ပင်လယ်ပြင် မှ ၂မီတာခန့် မြင့်ရန်လိုအပ်သည်။ သူကစီမံကိန်းအတွက်လိုအပ်သော လောင်စာဆီ။ ရေနှင့် လမ်းများ ကို ကောင်းမွန်သေချာစွာရှိစေချင်သည်။ လောင်စာသဘောင်္များက ရေလယ်မှာဆိပ်ကပ်လျှင် သူတို့ က ကမ်းခြေမှ နေပြီး စုပ်ပြီး ကမ်းခြေကိုသယ်ယူရန်လိုအပ်သည်။
သို့ သော်လည်းထိုအခြေအနေများရောက်ရန် အတော်ခက်ခဲလိမ့်အုန်းမည်ဟု ဦးထင်အောင်က ပြောကြား သည်။ “ သယ်ယူပို့ ဆောင်ရေးတွေက ဒီမှာလုံးလုံးကိုမရှိသေးဘူး သို့ သော်လည်းနောက်ဆုံးတနေ့ မှာတော့ ထိုစီမံကိန်းကြီးဖြစ်လာလိမ့်မည်ဟု သူကယုံကြည်ပါသည်။ အနှစ်နှစ်ဆယ်လောက်လည်းကြာ ကာင်းကြာပေမည်။ ရေနံကုမ္ပဏီကြီးတခုကလည်းထားဝယ်ရေနက်စီမံကိန်း၏ ရင်းနှီးမြုပ်နှံမှုများကိုလေ့ လာ တွက်ချက်ပြီးသည့်အခါ သူတို့ ပါဝင်လုပ်ဆောင်မှုကို တပ်ခေါက်ရုပ်သိမ်းသွားခဲ့ သည်။
“သူတို့ ကပြောတယ် ခင်ဗျားတို့ အဆင်သင့်ဖြစ်မှဘဲ ပြောပါတော့တဲ့ ”
(The Economist Time စာစောင်ပါ Built it ,they might come ဆောင်းပါးကို ထားထားမြင့်မှ ဘာသာပြန်ဆိုပါသည်။)
0 comments:
Post a Comment