Monday, August 12, 2013
0


စီးပွားရေးလုပ်ငန်းများ၏ ကြော်ငြာများ ပိုမိုထိရောက်မှုရှိစေရန် အမျိုးသမီးများ၏ ပေါင်၌ ကြော်ငြာဒီဇိုင်း များ ရေးဆွဲပြီး ကြော်ငြာသွားရန် ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် ကြော်ငြာလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်းစု တစ်ခုဖြစ်သော WITက စီစဉ် ဆောင်ရွက်လျက် ရှိသည်။



ကြော်ငြာဆိုင်းဘုတ်ကြီးများ၊ တီဗီရုပ်သံ ကြော်ငြာ ဆိုင်းဘုတ်များသည် လူများစု၏ အာရုံစူးစိုက်မှုကို မရရှိသောကြောင့် အမျိုးသားများနှင့် ပတ်သက်သည့် အသုံးအဆောင်၊လုပ်ငန်း စသည်တို့ကို ၎င်းတို့ အာရုံစူးစိုက်မှု အများဆုံး ဖြစ်သော အမျိုးသမီးများတွင် ကြော်ငြာပေးသွားမည် ဖြစ်သည်။

ကုမ္ပဏီ စီမံကိန်းအရ ပျှမ်းမျှအသက် ၁၈ နှစ်အရွယ် မိန်းကလေးများ၏ ပေါင်တွင် ကြော်ငြာကပ်ရာ ၌ထိုမိန်းကလေးများသည် စကပ်အတိုနှင့် ခြေအိတ်အ ရှည်ဝတ်ဆင်ကြရမည် ဖြစ်ပြီး ၎င်းတို့ကို ကြော်ငြာ ၀န်ဆောင်မှု အဖြစ်နေ့စဉ် ဒေါ်လာ ၁၀၀ နှုန်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို မိန်းကလေးများသည် လူမှုဆက်ဆံရေး နယ်ပယ်အတွင်းလူသိများသူများ ဖြစ်ရန် လိုအပ်ကြောင်း WIT ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဟိုက်ဒန်နိုရီအဆူမီက ပြောကြားသွားခဲ့သည်။

ထိုကြော်ငြာလုပ်ငန်းကို တိုကျိုမြို့တွင် စမ်းသပ်ကြော်ငြာမှုများစတင် ပြုလုပ်နေပြီ ဖြစ်ပြီး အမေရိကန်မှ ဂရင်းဒေး၊ဆက်မက်ဖားလန်း လုပ်ငန်းစုများ အပါအ၀င် ကုမ္ပဏီ အများအပြားက ယင်းကဲ့သို့ ကြော်ငြာအစီ အစဉ်တွင် ကြော်ငြာနိုင်ရန် ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်းသိရသည်။





0 comments: