Thursday, November 08, 2012
0

လာဘ်ပေးလာဘ်ယူမှုများပပျောက်စေရေးအတွက်ရန်ကုန်ဆိပ်ကမ်းကိုစုံစမ်းစစ်ဆေးမှုများ ပြုလုပ်တော့မည်
ဟု စီးပွား/ကူးသန်း ဝန်ကြီးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

လာဘ်စားသည့်ကိစ္စများကြောင့် ပြဿနာတက်နေသည့် ရန်ကုန်ဆိပ်ကမ်းအား လာဘ်ပေး လာဘ်ယူမှုများ ပပျောက်စေပြီးစားသုံးသူများကိုကာကွယ်ပေးနိုင်ရေးအတွက်ကိုရှေးရှုကာယခုကဲ့သို့စစ်ဆေးရန် စီစဉ်ဆာင်
ရွက်ရ ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။




''ကျွန်တော်တို့က စားသုံးသူကာကွယ်ပေးရေးဆိုတဲ့ ခေါင်းစဉ်နဲ့လုပ်မှာဖြစ်တယ်။ အဲဒီဟာက ကျွန်တော် တို့ဌာနမှာလုပ်ပိုင်ခွင့်ရှိတယ်။ ဒါကို ဘယ်သူမှငြင်းလို့မရသလို အကောက်ခွန်ကလည်း ငြင်းလို့မရဘူး။ အဲဒီတော့ ကျွန်တော်တို့ကတရားမဝင်ကုန်သွယ်မှု တားဆီးရေးခေါင်း စဉ်ရဲ့အပေါ်မှာ စားသုံးသူ ကာကွယ်ပေးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်မှာဖြစ်ပါတယ်''ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။




ယင်းသို့စစ်ဆေးရေးအတွက်ကိုတရားမဝင် ကုန်ပစ္စည်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ယူစစ်ဆေးမည်ဖြစ်
ကာ ယခုအခါ အဆိုပါအဖွဲ့သည် ပထမဆုံးအနေဖြင့်မူဆယ်နယ်စပ်ဂိတ်များသို့ သွားရောက်ကာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရ သည်။




''မြန်မာနိုင်ငံကရနေတဲ့ ကုန်သွယ်ခွန်တွေမှာ နယ်စပ်ဂိတ်တွေက ဝင်တာ ၂ဝ ရာခိုင်နှုန်းပဲရှိပြီး ကျန်တဲ့ ၈ဝ ရာခိုင်နှုန်းကတော့ ရန်ကုန်ဆိပ်ကမ်း ကနေပဲဝင်နေတာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် အခု စစ်ဆေး မှုတွေလုပ်နေတဲ့ ခြေလှမ်းရဲ့နောက်ဆုံးရည်ရွယ်ချက်က ဆိပ်ကမ်းကိုစစ်ဆေးဖို့ပါပဲ''ဟု ၄င်းကထပ်ေ လာင်းပြောသည်။




လက်ရှိအနေအထားတွင် အ ဆိုပါ ရန်ကုန်ဆိပ်ကမ်းအတွင်း၌ ကုန်သည်နှင့် အာဏာပိုင်များ ပူးပေါင်းကာ တရားမဝင်ကုန်ပစ္စည်း များတင်သွင်းမှုနှင့်လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်လျက်ရှိနေ ကြောင်းသိရ သည်။




စစ်ဆေးတွေ့ရှိချက်များ အရတရားမဝင် လာဘ်ပေးလာဘ်ယူမှုပြုလုပ်ကာ ရန်ကုန်ဆိပ်ကမ်းသို့ ရောက် ရှိလာသည့် ၁၉၉၈ ခုနှစ် မော်ဒယ်ကားများကို ၂ဝဝ၂ ခုနှစ် မော်ဒယ်အဖြစ်ပြောင်းလဲကာ အ ထက်သို့ လိမ်လည်တင်ပြမှုကို စစ် ဆေးတွေ့ရှိသည့်အတွက် ဆိပ်ကမ်း နှင့်သက်ဆိုင်သည့် ၁၅ ဦးထက်မ နည်းသော အကောက်ခွန်ဝန်ထမ်း များကို စုံစမ်းစစ်ဆေး၍ အရေးယူ မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


0 comments: