Thursday, November 08, 2012
0
မြို့နယ်တရားသူကြီး နှစ်ဦးအပါအဝင် တရားရေးဝန်ထမ်းခုနစ်ဦး ထုတ်ပယ်ခြင်းနှင့်ခရိုင်တရားသူကြီး တစ်ဦးအပါအဝင် တရားရေးဝန်ထမ်း ခုနစ်ဦးတို့အားစာဖြင့်ပြင်း ထန်စွာသတိပေးခြင်းတို့ကို မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေကိုမလိုက်နာဘူး။ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်တယ်။ ဒါကြောင့်ပါ''ဟုဥပဒေချုပ်ဦးရဲအောင်မြင့်ကပြောသည်။ယခုကဲ့သို့အရေးယူခြင်း၊ထုတ်ပယ်ခြင်းနှင့် ပြင်းထန်စွာ သတိပေးမှုပြုလုပ် ခဲ့ခြင်းမှာ ၂ဝ၁၁ ခုနှစ်မတ်လ ၃ဝ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၃၁ရက်နေ့ အထိ စာရင်းများအရဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ သိရသည်။

ထုတ်ပယ်ခဲ့မှုတွင်မြို့နယ်တရားသူကြီးနှစ်ဦး၊ ဒုတိယမြို့နယ် တရားသူကြီးနှစ်ဦး၊ဒုတိယဦးစီးမှူး အဆင့်လေး
တစ်ဦး၊အကြီးတန်းစာရေးတစ်ဦးနှင့် အငယ်တန်းစာရေးတစ်ဦးတို့ဖြစ်ပြီး စာဖြင့်ပြင်းထန်စွာ သတိပေးမှုတွင် ခရိုင်တရားသူကြီးတစ်ဦး၊ ဒုခရိုင်တရားသူကြီးတစ်ဦး၊ မြို့နယ်တရားသူကြီးတစ်ဦး၊ ဒုတိယမြို့နယ် တရားသူကြီးနှစ်ဦး၊ အကြီးတန်းစာရေးတစ်ဦးနှင့် အငယ်တန်းစာရေးတစ်ဦးတို့ ဖြစ်သည်ဟု ဦးရဲအောင်မြင့် က ပြောသည်။

လက်ရှိတွင်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တရားခွင်တိုင်းတွင်မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ကထုတ်ပြန်ထားသည့်စာများကပ်ထားကာတရားစီရင်ရေးအပေါ်ပွင့်လင်းထင်သာစွာ ဆောင်ရွက်ထားသည်
ဟု လည်း ဥပဒေချုပ်က ဆက်လက်ပြောသည်။ ''ကြေညာထားတာက အမှုတွဲတွေကို မှန်မှန်ကန်ကန် ဆုံြး
 ဖတ်ပေးမယ်။တရားရုံးဆိုင်ရာလုပ်ငန်းတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက် သွားမှာ ဖြစ်တဲ့အ တွက်လာဘ်ငွေပေးဖို့မလိုပါဘူးဆိုတာပါ။ ဒါတွေအပြင်တိုင်လို့ရတဲ့ဖုန်းနံပါတ်တွေလည်း ကပ်ထားပါတယ် ''ဟု ၄င်းက ထပ်လောင်း ဆိုသည်။

သို့သော်လက်ရှိတွင်မန္တလေးတရားစီရင်ရေးစနစ်ယိမ်းယိုင်ပြိုလဲနေပြီဟူသောသတင်းများကထွက်ပေါ်နေခဲ့ သည်။ထိုစွပ်စွဲချက်များအပေါ် မမှန်ကန်ပါကြောင်း မန္တလေးတရားလွှတ်တော်က ပြောပြီး စစ်ဆေးစီရင်မှုကို အချိန်မရွေး လာလေ့လာ၍ ရပါကြောင်း ဦးရဲအောင်မြင့်က ပြောသည်။

ဥပဒေနှင့်အညီ မှန်ကန်စွာမလုပ်ခြင်း၊ မတရားပြုကျင့်ခြင်းတို့ကိုတိုင်စာအရသော်လည်းကောင်း၊ တရား သူကြီးချုပ်ကိုယ်တိုင် ကသော်လည်းကောင်း ဝန်ကြီးဌာနရုံးတို့ကပေးပို့လာသောစာများကမှ တစ်ဆင့်သော်
လည်းကောင်း စုံစမ်းစစ်ဆေးတွေ့ရှိသည့်အခါ စည်းမျဉ်း၊စည်းကမ်းအရ ထိရောက်စွာ အရေးယူလျက်ရှိ သည်ဟု မန္တလေးတိုင်းဒေသ ကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။

0 comments: