Thursday, November 08, 2012
0
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန လက်အောက်ရှိ မြစ်ဝကျွန်းပေါ်ဌာနခွဲနှင့် ဧရာဝတီဌာနခွဲကို ပုဂ္ဂလိ ကနှင့် ဖက်စပ်လုပ်ကိုင်ရန် တင်ဒါခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရလုပ်ငန်းများအား စီးပွားရေးဆန်ဆန် ပြုလုပ်ရန်အတွက် ပုဂ္ဂလိကနှင့် ပူးပေါင်းခြင်းဖြစ်ပြီး ပုဂ္ဂလိက အခန်းကဏ္ဍပါဝင်လာပါက အရှုံးပေါ်နေသော လုပ်ငန်းများ ၀င်ငွေနှင့် ထွက်ငွေမျှတကာ အမြတ်ရရှိနိုင် လာမည်ဟု သုံးသပ်ကြောင်း အဆိုပါဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဖေက ပြောသည်။

“ပုဂ္ဂလိက က ဈေးကွက်ရှာဖွေနိုင်တယ်။ အစိုးရကတော့အစိုးရပုံစံအတိုင်းပဲ သွားနေတာဆိုတော့ဈေး ကွက်မသိဘူး ဖြစ်နေတာ”ဟု ၄င်းကပြောသည်။

အဆိုပါ ဌာနခွဲနှစ်ခုအား ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို ယခုနှစ်မကုန်မီ အပြီး တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Photo: “ရေကြောင်းပို့ဆောင်ရေး ဌာနခွဲနှစ်ခု ပုဂ္ဂလိကဖက်စပ် လုပ်ကိုင်ခွင့်ပြုမည်”

ရန်ကုန် နိုဝင်ဘာ ၇

 ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန လက်အောက်ရှိ မြစ်ဝ ကျွန်းပေါ်ဌာနခွဲနှင့် ဧရာဝတီဌာနခွဲကို ပုဂ္ဂလိကနှင့် ဖက်စပ်လုပ်ကိုင်ရန် တင်ဒါခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။

 အစိုးရလုပ်ငန်းများအား စီးပွားရေးဆန်ဆန် ပြုလုပ်ရန်အတွက် ပုဂ္ဂလိကနှင့် ပူးပေါင်းခြင်းဖြစ်ပြီး ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင်လာပါက အရှုံးပေါ်နေသော လုပ်ငန်းများ ၀င်ငွေနှင့် ထွက်ငွေမျှတကာ အမြတ် ရရှိနိုင်လာမည်ဟု သုံးသပ်ကြောင်း အဆိုပါဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဖေက ပြောသည်။

 “ပုဂ္ဂလိက က ဈေးကွက်ရှာဖွေနိုင်တယ်။ အစိုးရကတော့ အစိုးရပုံစံ အတိုင်းပဲ သွားနေတာဆိုတော့ ဈေးကွက်မသိဘူး ဖြစ်နေတာ”ဟု ၄င်းကပြောသည်။

 အဆိုပါ ဌာနခွဲနှစ်ခုအား ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို ယခုနှစ်မကုန်မီ အပြီး တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

PN- 029 
ဦးဆောင်ညွှန်ကြားရေးမှူးဦးဝင်းဖေ

0 comments: