Thursday, November 08, 2012
0
မြို့သုဿန်သည်ဘင်္ဂလီလူမျိုးအများစုနေထိုင်သည့်အရပ်ဒေသတွင်ရှိခြင်းကြောင့်ဈာပနာကိစ္စစီစဉ်ဆောင်
ရွက်ရခြင်းတွင် အခက်အခဲအချို့ရှိနေကြောင်း စစ်တွေမြို့ခံအချို့ကပြောသည်။

လက်ရှိအချိန်တွင်စစ်တွေမြို့နယ်တွင်းဈာပနာကိစ္စများ၌ယခင်သုဿန်ဟောင်းနေရာတွင်သာအဆင်ပြေသ
လို မီးသဂြိုဟ်မှုဆောင်ရွက်နေရကြောင်း ဒေသခံအချို့ကပြောသည်။

““ သုဿန်သစ်က အခု ဘင်္ဂလီရွာတွေကိုဖြတ်ပြီးသွားရတော့ ဟိုတစ်ခေါက်အသုဘကားကို ခဲနဲ့ပေါက်တဲ့ ကိစ္စဖြစ်ပြီးနောက်ပိုင်း ကတည်းက မသွားကြတော့တာ။ လုံခြုံရေးပေးနိုင်တဲ့အခြေအနေလည်းမရှိဘူး။ လုံ ခြုံရေးနဲ့ဆို မိသားစုတွေ လိုက် လို့မရ ဘူးလေ။ဒါကြောင့်အရင် သုဿန်ဟောင်း(အားကျိတ်တော်ကုန်း
သုဿန်ဟောင်း)မှာပဲ ဖြစ်သလို မီးရှို့သဂြိုဟ်နေရတာပဲ”” ဟု စစ်တွေမြို့ခံအချို့ကပြောသည်။

ထို့အတွက်ထုံးထမ်းစဉ်လာ အသုဘကိစ္စဖြစ်သော ရဟန်းသံဃာများတရားနာယူခြင်း၊ သရဏဂုံတင်ခြင်း ၊ ရေအိုးခွဲခြင်း၊ ကိစ္စရပ်များကိုသုဿန်တွင်စီစဉ်နိုင်ခြင်းမရှိဘဲနေအိမ်တွင်ပင်အဆင်သင့်သလို စီစဉ်ဆောင် ရွက်ရပြီးငွေကြေးအကုန်အကျလည်းလိုအပ်သည်ထက်များစွာကုန်ကျလျှက်ရှိကြောင်းသိရသည်။
 

http://sphotos-a.ak.fbcdn.net/hphotos-ak-ash4/308881_558898947459238_319984963_n.jpghttp://sphotos-a.ak.fbcdn.net/hphotos-ak-ash4/308881_558898947459238_319984963_n.jpg

0 comments: