Thursday, November 08, 2012
0
 
 အသစ်တည်ဆောက်နေသောတောင်ကုတ်တက္ကသိုလ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ တည်ဆောက်လျက်ရှိသည့် တောင်ကုတ်တက္ကသိုလ်ကို ယခုနှစ်ကုန်တွင် ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။ ”နောက် ရက် ၃ဝအတွင်းမှာဖွင့်လှစ်သွားမှာပါ”ဟုအဆိုပါ တက္ကသိုလ်တည်ဆောက်ရေးအားတာဝန်ယူထားသည့်နေလသစ္စာဆောက်လုပ်ရေးတာဝန်ရှိသူတစ်ဦးလည်း
ဖြစ်တက္ကသိုလ်ဖြစ်မြောက်ရေးဆောင်ရွက်ခဲ့သည့်တောင်ကုတ်ဒေသဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ လည်းဖြစ်သူ ဦးကျောက်တောင်က နိုဝင်ဘာ ၅ ရက်က  ပြောသည်။

အဆိုပါတက္ကသိုလ်အား ယခုနှစ် ဇူလိုင်လ ၁၅ ရက်နောက်ပိုင်းတွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အစိုး ရထောက်ပံ့ငွေကျပ်သိန်း ၆ထောင်ကျော်ရရှိထားကြောင်း သိရသည်။”အဲဒီငွေကိုတော့ ဘတ်ဂျက် မကုန်ခင် ရမှာပါ။ လောလောဆယ် တော့ ကျွန်တော်ကုန်ကျငွေ ၂ ဒသမ ၇ ဘီလျံလောက် ခန့်မှန်း ထားပါတယ်”ဟု ဦးကျောက်တောင် က ပြောသည်။ တက္ကသိုလ်တည်ဆောက်ရန် ယခင်အစိုးရလက်ထက်ကတည်းက ပင်တောင်းဆိုခဲ့ဖူးကြောင်း၊လက်ရှိတွင် လွှတ်တော်မှအတည် ပြုချက်ရရှိခဲ့ခြင်းဖြစ်ပြီး ဒေသခံများ မှ လှူဒါန်း ထားသည့် မြေဧက ၂၁၂ ဧကပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါ တက္ကသိုလ် ကိုအစိုးရမှဦးစီးတည်ဆောက်ခြင်းမဟုတ်ဘဲတောင်ကုတ်ဒေသဖွံ့ဖြိုးရေးကော်မတီမှဦးစီးတည်ဆောက်ခြင်း
 ဖြစ်ကြောင်း တက္ကသိုလ်ဖွင့်လှစ်နိုင် ရန်အတွက် ဆရာ၊ ဆရာမ ၄၃၁ ဦးကို တာဝန်ချထားပြီးဖြစ်ကြောင်း၊ ဘာသာရပ် ၈မျိုးသင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဖွင့်လှစ်ရာတွင်လာရောက်ပညာသင်ကြားမည့်ကျောင်းသား၊ကျောင်းသူ များနေထိုင်ရေးအတွက်
ဘော်ဒါဆောင်များဖွင့်လှစ်ရန်နှိုးဆော်ထားကြောင်းသိရသည်။”ဘော်ဒါဆောင်ဖွင့်ချင် တဲ့သူတွေကော်မတီ နဲ့ဆွေးနွေးတိုင်ပင်ဖို့ နှိုးဆော်ထားတာပါ။ ဒီ(တောင်ကုတ်)မှာလာပြီး တက္ကသိုလ်တက်ချင်သူတွေ စား ဝတ်နေရေးအဆင်ပြေအောင်ပါ”ဟုဒေသခံတစ်ဦးကပြောသည်။တောင်ကုတ်မြို့မှတက္ကသိုလ်ဝင်တန်းအောင်
မြင်၍ တက္ကသိုလ်ပညာဆက်လက်ဆည်း ပူးလိုသူများအနေဖြင့် လက်ရှိတွင် ပြည်တက္က သိုလ်နှင့်စစ်တွေ တက္ကသိုလ်တို့တွင် သွားရောက် ပညာသင်ကြား ရကြောင်းသိရသည်။ယခုနှစ်ကုန်တွင်ဖွင့်လှစ်မည့်တောင် ကုတ်တက္ကသိုလ်သည်ရန်ကုန်မြို့မှလာလျှင်တောင်ကုတ်မြို့အထွက်နှင့်မအီ၊ကျောက်ဖြူမှလာလျှင် တောင်
ကုတ်မြို့အဝင်၌ တည်ရှိသည်။

0 comments: