Thursday, November 08, 2012
0
 
ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌တည်ရှိပြီးစစ်ရေးမဟာဗျူစာအရအချက်အချာကျသောအစိုးရ လေတပ်အခြေ
စိုက်စခန်းတစ်ခုကိုဆီးရီးယားသူပုန်တပ်ဖွဲ့များကနိုဝင်ဘာရက်တွင်အရုဏ်ဦးထိုးစစ်ဆင်နွှဲခဲ့ကြောင်းသိရသည်။
သူပုန်တပ်ဖွဲ့များသည် တက်ဖ်တန်နက်ဇ်အမည်ရှိ လေတပ်စခန်းကို နိုဝင်ဘာ ၃ ရက် အရုဏ်တက်တွင် ထိုးစစ်ဆင်နွှဲခဲ့ရာ ယင်းနေ့ မွန်းလွှဲပိုင်းအထိ ဆီးရီးယားအစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားအစိုးရ ဆန့်ကျင်ရေး အုပ်စုတစ်ခုက ပြောကြားသည်။ ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တော်နှင့် အလက်ပိုမြို့တော်တို့အကြား ဆက်စပ်ပေးထားသော အဓိက အဝေးပြေးလမ်းမကြီးတစ်ခုအနီး တည်ရှိသည့် တက်ဖ်တန်နက်မဇ် လေတပ်စခန်း၌ အစိုးရတပ်ဖွဲ့များ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ထားရှိသည်။ယင်းလေတပ်စခန်းအားသိမ်းပိုက်နိုင်ခဲ့ပါကဆီးရီးယားအစိုးရတပ်ဖွဲ့၏ လေကြောင်းဖိုးစစ်ဒဏ်ကို အလူးအလဲခံနေရသောသူပုန်တပ်ဖွဲ့များအတွက်မဟာအောင်မြင်မှုတစ်ရပ်ဖြစ်လာလိမ့်မည်။ဆီးရီးယား ပြဿ
နာနှင့် ပတ်သက်၍ နိုင်ငံတကာညီလာခံတစ်ရပ်ကို ကာတာနိုင်ငံ၌ မကျင်းပမီ တစ်ရက်အလိုတွင် တက်ဖ်တန်နက်ဇ် လေတပ်စခန်း ထိုးစစ်အား သူပုန်များက ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

0 comments: