Thursday, November 08, 2012
0
 

တရုတ်နိုင်ငံသည် ကိုယ်ပိုင် လေယာဉ်တင် သင်္ဘောတစ်စင်းကိုတည်ဆောက်မှု စတင်နေကြောင်း သတင်း များထွက်ပေါ်လာခဲ့သည်။

တရုတ်ရေတပ်သည် ၎င်းတို့၏ ပထမဆုံးလေယာဉ်တင်သင်္ဘောအဖြစ် လီယာအိုနင်ကို ယခုနှစ်အတွင်း စ တင်အသုံးပြုခဲ့သော်လည်း ယင်း၏ကိုယ်ထည်အခွံကြီးကို ယူကရိန်းမှဝယ်ယူခဲ့ခြင်း ဖြစ်သည်။ သို့သော် လည်းယခုအခါတရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည်ကိုယ်ပိုင်နည်းပညာဖြင့်တည်ဆောက်သော
လေယာဉ်တင်သင်္ဘောစီမံကိန်းကိုစတင်နေပြီဟုဆိုသည်။ရေကြောင်းဆိုင်ရာဗိသုကာပညာရှင်ဝူဇီယိုဂွမ်းက မိမိတို့သည်ပြည်သူများ၏မျှော်လင့်ချက်ကိုအလဟဿ ဖြစ်စေမည်မဟုတ်ဟု Xinhuaသို့ ပြောကြားခဲ့သည်။

အနောက်အုပ်စုမှ ပညာရှင် တစ်ဦးက ယူကရိန်း ပညာရှင်များ၏ အကြံပေး ကူညီမှုဖြင့်ဆိုပါကတရုတ်သည် (၁)နှစ်ခွဲအတွင်း လေယာဉ်တင် သင်္ဘောတစ်စင်း တည်ဆောက်နိုင်စွမ်း ရှိနေကြောင်း သုံးသပ်ထားသည်။ လက်ရှိ အသုံးပြုနေသော လီယာအိုနင် (ဓာတ်ပုံတွင် ပါရှိသည့် သင်္ဘောကြီး)၌ J-15 တိုက်လေယာဉ်များ အခြေစိုက်အတက်အဆင်း ပြုလုပ်နိုင်ကာတရုတ်၏ကိုယ်ပျောက်တိုက်လေယာဉ်J31ကိုလည်း လေယာဉ်တင် သင်္ဘောမှတစ်ဆင့် စစ်ဆင်ရေး ပြုလုပ်နိုင်ရန် ပြင်ဆင်မွမ်းမံနေကြောင်းသတင်းများထွက်ပေါ်လျှက်ရှိသည်။

0 comments: