Monday, August 12, 2013
0



 အလုပ်မရှိ အကိုင်မရှိ ပျော်ရွှင်မြူးတူးနေကြသော ၈၈ ခေါင်းဆောင်ဆိုသူများ
၁၉၈၈တုန်းက ဆန္ဒပြပွဲတွေကို ကျောင်းသားတွေက စတင်ဦးဆောင်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေ မယ့် ကျောင်းသားတွေထဲမှာမှ ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်ဆိုတာ မရှိပါဘူး။ ၈၈ ကျောင်း သား ခေါင်းဆောင်ဆိုတဲ့ စကားလုံးက ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပြီး ၅ နှစ်လောက်ကြာမှ ပြည်ပအခြေ စိုက်မီဒီယာတွေက သူတို့တင်ချင်တဲ့လူတွေကို ကျောင်းသားခေါင်းဆောင်ဆိုပြီး တင်ပေးလိုက်တာပါ။ တကယ်တမ်းကျတော့ ဒီကနေ့ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ လူအားလုံးက ဆန္ဒပြပွဲတွေမှာ ရှေ့ကနေ ဦးဆောင်ခဲ့တဲ့ လူတစ်ယောက်မှ မပါပါဘူး။


ကိုဆလိုင်းကိုကိုဦး၊ ကိုဗထူးမောင်တို့ကမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် စစ်စစ်တွေ ဖြစ်ပါ တယ်။ ကျောင်းသားတွေကို ဘာမှ ခေါင်းဆောင်မှု မပေးခဲ့ပါဘူး။ အခု နာမည်ခံ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုမိုးသီးဇွန် စတဲ့ ပုဂ္ဂိုလ်များကလည်း ဆန္ဒပြကျောင်းသား တွေနဲ့ လှုပ်ရှားနေ တဲ့လူထုကို ဘာမှခေါင်းဆောင်မလုပ်ခဲ့ပါဘူး။ ဘယ်ကနေ ဘယ်လို ခေါင်းဆောင်ဖြစ်သွား တယ်ဆိုတာ ကိုတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ရှစ်လေးလုံး ဆန္ဒပြပွဲ မတိုင်ခင်မှာ ရှေ့မှာဆန္ဒပြပွဲ (၇)ပွဲရှိပါတယ်။ ၃-၈-၈၈ ရက်နေ့ပွဲက ခုနှစ် ခုမြောက်ဆန္ဒပြပွဲဖြစ်ပြီး ၈-၈-၈၈ ရက်နေ့ ဆန္ဒပြပွဲကတော့ ၈ ခုမြောက် ဆန္ဒပြပွဲဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြပွဲ ရှစ်ခုလုံးမှာ ဒီကနေ့ နာမည်ကြီးနေတဲ့ ကျောင်းသားခေါင်းဆောင် ဆိုတဲ့လူတွေ တစ်ယောက်မှ မပါပါဘူး။ သူတို့ကို မေးကြည့်လို့ရပါတယ်။ အရေးအခင်းတုန်းက “သပိတ် သပိတ်၊ မှောက်မှောက်” “မီးဒုတ် မီးဒုတ်၊ ရှို့ရှို့” “ဒီမို ကရေစီရရှိရေး၊ ဒို့အရေး” အဲလိုတွေ လက်သီးလက်မောင်းတန်းပြီး အော်ကြတာပါ။ အခု ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ကိုမင်းကိုနိုင်ဆိုတာ နွဲ့နွဲ့နောင်းနောင်းနဲ့ အဲလိုအော်ခဲ့ဖူးသလား မေး ကြည့်လို့ရပါတယ်။

၃-၈-၈၈ရက်နေ့ကဆန္ဒပြပွဲကို ကိုဗထူးမောင်နဲ့ကိုညိုထွန်းတို့က ဦးဆောင်ခဲ့တာပါ။ ရွေတိဂုံဘုရား အောက် ဘလောက်ကနေ စခဲ့တာပါ။ အဲဒီကနေ အလုံဖက်ကိုသွားခဲ့ပြီး မြေနီကုန်းအထိ ခရီးဆက်ခဲ့ ပါတယ်။ အဲဒီနောက် ပြည်လမ်းအတိုင်း လမ်းတန်းကို ချီတက်ခဲ့ပြီး ညနေ ၅ နာရီမှာ ဆန္ဒပြပွဲကိုရုတ်သိမ်းခဲ့ပါတယ်။ စတဲ့အချိန်တုန်းက အယောက် ၂၀ နဲ့ စခဲ့ပေမယ့် ပြီးတဲ့အချိန်မှာ ဆန္ဒပြသူအရေအတွက်ကတော့ ၃ သောင်း ကျော်လောက်ရှိမယ် ထင်ပါတယ်။

၈-၈-၈၈ ဆန္ဒပြပွဲကိုလည်း အနော်ရထာလမ်းနဲ့ ဆူးလေနား ၃၃ ထောင့်ကစခဲ့တာပါ။ အဲဒီနေ့ကလည်း ပထမဆုံး စတင်ဆန္ဒပြ ဦးဆောင်ခဲ့သူကတော့ ကိုဗထူး ဖြစ်ပါတယ်။ နောက်ထပ် ဆန္ဒပြခေါင်းဆောင်တွေ ကတော့ ဈေးသည်တွေ၊ ဆိုက်ကားသမားတွေနဲ့ အစ္စလမ်ဘာသာဝင် လူငယ်တစ်ချို့ပါ။ ကျောင်းသား တစ်ချို့ လည်း ပါပေမယ့် ဒီကနေ့ နာမည်ခံ ကျောင်းသားတစ်ဦးမှ မပါပါဘူး။

ဒါပေမယ့် အဲဒီတုန်းကအလုပ်လုပ်ခဲ့တဲ့ကျောင်းသားတစ်ယောက်တော့ရှိပါတယ်။ အဲဒါက ကိုဌေးကြွယ် ပါ။ ကိုဌေးကြွယ် လုပ်တာကလည်း ကျောင်းသားကို လူရှေ့သူရှေ့ထွက်ပြီး ခေါင်းဆောင်တာတော့ မဟုတ် ပါဘူး။ ကိုဌေးကြွယ်နဲ့ ကိုကိုလတ်က ခရစ္စတိုဖာနဲ့ချိတ်ပြီး ကျောင်းသူတွေကို မုဒိန်းကျင့်ပါတယ်လို့ လုပ်ဇာတ် ခင်းပြီး ဘီဘီစီကနေ့ လွှင့်ခဲ့တာပါ။ ကိုဌေးကြွယ်ကို မယုံရင်မေးကြည့်လို့ရပါတယ်။ ကျန်တဲ့ ကိုမင်းကိုနိုင်တို့ ကိုမိုးသီးဇွန်တို့ကတော့ ၈-၈-၈၈ ဆန္ဒပြပွဲပြီးချိန် ဒေါ်အောင်ဆန်းစုကြည် ထွက်လာမှ အနားရောက်သွားခဲ့ ကြတာပါ။ နိဂုံးချုပ်ရရင်တော့ အခု ၈၈ ကျောင်းသားခေါင်းဆောင်ပါ ဆိုတဲ့ လူအားလုံးဟာ ၈-၈-၈၈ နေ့ အရေးအခင်းနဲ့ အဲဒီမတိုင်ခင် ဆန္ဒပြပွဲတွေမှာ ဘယ်နေရာမှ မပါခဲ့သလို၊ ဘယ်ကျောင်းသားကိုမှ ခေါင်းမဆောင်ခဲ့ဘူးဆိုတာပါပဲ။


အညတရကျောင်းသားဟောင်းတစ်ဦး

0 comments: