Wednesday, October 17, 2012
0
 
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော ဆေးဝါးများကို အများပြည်သူတို့ မှီဝဲသုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲကြပ်မတ်လျက် ရှိသည်။ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ပုံမှန်ဈေးကွက်ရှိ ဆေးဝါးများ ဓာတ်ခွဲစစ်ဆေးချက်အရ တိုင်းရင်းဆေး (တရုတ်စာသားများဖြင့် ဖော်ပြထားသည့်) သမင် အမှတ်တံဆိပ်ပါ Kong Chew Drug Works ထုတ် LIN CHEE TAN Pill(လင်ချီတန်) ဆေးဝါးတွင် အနောက်တိုင်းဆေး Dexamethasone ရောနှောကာ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ အဆိုပါဆေး၏ အညွှန်းတွင် RHEUMATISM PILLS (အဆစ်ရောင်နာပျောက်ဆေး) ဟု ဖော်ပြထားသည်။ အဆိုပါဆေးကို မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိကြောင်း အသိပေးအပ်သည်။ အဆိုပါဆေးကို ကြာရှည်စွာ မှီဝဲသုံးစွဲပါက ဘေးထွက်ဆိုးကျိုး များစွာရှိသဖြင့် မှီဝဲသုံးစွဲခြင်းမပြုရန် အသိပေးအပ်ပါသည်။ အများပြည်သူတို့ အနေဖြင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများကိုဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် မြန်မာနိုင်ငံတွင်မှတ်ပုံတင်ထားသော ဆေးဝါးများကို သာဝယ်ယူသုံးစွဲရန် နှိုးဆော်အပ်ပါသည်။ ဆေးဝါးတင်သွင်း ဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့်   ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း လုံးဝမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါး ဥပဒေပုဒ်မ (၁၈) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်ဟု၂၀၁၂ခုနှစ် အောက်တိုဘာ၁၆ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖြော်ပထားပါသည်

0 comments: