ဒီလမ်းကြောင်း ပေါ်ကိုလည်းတော် တော်နဲ့
မရောက်ဖြစ်ခဲ့ဘူး။ ကိုယ်တတ်နိုင်သမျှတော့ အဆိုပြိုင်ပွဲလေးတွေ
ဖြစ်ဖြစ်လိုက်ဆိုတယ်။ အင်္ကျီဒီဇိုင်း တွေ ဘာတွေဆိုလဲ ကိုယ်ဘာသာကိုယ်ဆွဲတယ်။
Fashion နဲ့ ပတ်သက်ရင်တော့ အရမ်းဝါသနာပါတယ်။ ဒီလမ်းကြောင်းေ ပ်ါရောက်ဖို့
အခွင့်အရေးက ကိုယ့်အတွက် အချိန်မကျသရွေ့ ဘာမှမလုပ်ဖြစ်သေးဘူးလေ။ ဒါပေမယ့် ၆
တန်းလောက်ကတည်းက အဆိုတော်ဖြစ်ချင်ခဲ့တာ။ ညီအစ်မ လေးယောက်စုပြီးအခွေ ထုတ်
မယ်လို့တောင် စဉ်းစားဖြစ်တယ်။ အဲဒီလို ကိုယ့်မျှော်လင့်ချက်နဲ့
ကိုယ်တကယ်တမ်း အကောင်အထည် ဖော်ဖြစ်တဲ့ အလုပ်နဲ့ တစ်ထပ်တည်းကျတဲ့အတွက်လည်း
အခုချိန်မှာအရမ်းဝမ်းသာမိတယ်။
စလုပ်ခါစတော့ လူတိုင်းအခက်အခဲ ရှိကြမှာပဲလေ။ ချမ်းချမ်းတို့က ပိုက်ဆံနဲ့ စိတ်တိုင်းကျလုပ်ခဲ့ရတဲ့ ဘ၀မျိုး မဟုတ်တော့ အစစအရာရာအောက်ကျို့ခဲ့ရတယ်။ ကိုယ်အရမ်းပင်ပန်းနေလည်း သည်းခံကြိတ်မှိတ်ပြီး လုပ်ခဲ့ရတာတွေ စိတ်ဓာတ်တွေကျနေလည်း ဟန်ဆောင်ပြီး ပျော်အောင်နေခဲ့ရတဲ့အချိန်တွေ အရမ်းများတယ်။ အခုအချိန်မှာတော့ ကိုယ်ကအလုပ်ကိုပြန်ခိုင်းလို့ရတဲ့သူ ဖြစ်သွားတဲ့ အတွက် သက်သာပါတယ်။

0 comments:
Post a Comment