ဂျပန်
နိုင်ငံတွင် ဂီတတူရိယာ ပစ္စည်းများနှင့် မော်တော်ဆိုင်ကယ်များကို
အမြောက်အမြား ထုတ်လုပ်သည့် ယမာဟာ ကုမ္ပဏီသည် ၎င်းတို့ ကုမ္ပဏီထုတ်
တစ်စင်းတည်းသော စူပါပြိုင်ကား၏ ရောင်းဈေးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၂
သန်းကျော် သတ်မှတ် ထားသည်ဟု အင်တာနက် သတင်း တစ်ပုဒ်တွင် ဖော်ပြ ထားသည်။
အဆိုပါ
Yamaha OX99-11 ပြိုင်ကားကို ၁၉၉၂ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး
ပြိုင်ကား မောင်းသူများ ပြိုင်ကား၏ အတွေ့အကြုံ ကို ခံစားနိုင်ရန် ရည်ရွယ်၍
ထုတ်လုပ်ထားခြင်း ဖြစ်သည်ဟုသိရသည်။ ပြိုင်ကားအများစုတွင် ပုံမှန်အားဖြင့်
ယာဉ်မောင်းထိုင်ခုံ တစ်ခုသာ ပါသော်လည်း Yamaha OX99-11 ပြိုင်ကားတွင်မူ
ရှေ့နောက်ယာဉ်မောင်းထိုင်ခုံ နှစ်ခု ပါရှိကြောင်း သိရသည်။
ကား၏ကိုယ်ထည်
တစ်ခုလုံးကို အလူမီနီယံ ပြားများဖြင့် ပြုလုပ်ထားပြီး အမြန်ဆုံး
အရှိန်နှုန်းမှာ ၁ နာရီ ၃၅ဝ ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။
၎င်းပြိုင်ကားကို
၁၉၉၂ ခုနှစ်က ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ပြိုင်ကား ထုတ်လုပ်သည့်
အချိန်ကာလသည် ဂျပန် နိုင်ငံတွင် စီးပွားရေး အကျပ် အတည်း ကြုံတွေ့နေရချိန်
ဖြစ်၍ ၎င်းပြိုင်ကား ဝယ်ယူနိုင်မည့် သူကို ရှာမတွေ့ နိုင်ခဲ့ပေ။ အချိန်
ကာလနှင့် ငွေကြေးဆိုင်ရာ ကန့်သတ်မှု များကြောင့် ၎င်းစူပါ ပြိုင်ကားများ
ထုတ်လုပ်မည့် အစီအစဉ်ကို ၁၉၉၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
0 comments:
Post a Comment