လီဗာပူးလ် အသင်းသည် ပေါင်စတာလင် သန်း(၁၅၀)
ကုန်ကျမည့် ကွင်းအဆင့်မြှင့်တင်ရေး စီမံကိန်းကို စတင်နေပြီ ဖြစ်သည်။
စတန်လေပါ့ခ်တွင် ကွင်းသစ်တစ်ခု တည်ဆောက်မည့် စီမံကိန်းကို
စွန့်လွှတ်လိုက်ပြီးနောက် လီဗာပူးလ်သည် အန်းဖီးလ်ကို ပရိသတ် (၆၀၀၀၀)ဆံ့
ကွင်းကြီးအဖြစ် မွမ်းမံ အဆင့်မြှင့်သွားမည်ဟု သိရသည်။ စတန်လေပါ့ခ် ကွင်းသစ်
စီမံကိန်းသည် ပေါင်စတာလင် သန်း(၄၀၀)ထိ ကုန်ကျမည်ဖြစ်ရာ လက်ရှိ
အန်းဖီးလ်ကိုသာ ပိုမိုတိုးချဲ့ရန် လီဗာပူးလ်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အသင်းပိုင်ရှင် Fenway Sports Groupသည် လီဗာပူးလ်ကို ဝယ်ယူပြီး (၂)နှစ်အတွင်း ၎င်းတို့၏ ရည်မှန်းချက် တစ်ခုကို စတင်အကောင်အထည် ဖော်လာခြင်း ဖြစ်သည်။ လီဗာပူးလ်သည် မြို့တော်ကောင်စီနှင့် သဘောတူညီမှု ရရှိထားသည့်နောက် ကွင်းဘေးပတ်လည်ရှိ လမ်းနှင့် အဆောက်အအုံ အချို့ကို ဖြိုချသွားမည် ဖြစ်သည်။ ထို့နောက် ကွင်းတွင် ထိုင်ခုံ အရေအတွက် (၁၅၀၀၀)မှ (၁၆၀၀၀) ဝန်းကျင်ထိ တိုးမြှင့်နိုင်ရန် ရည်ရွယ်ထားသည်။

အန်းဖီးလ်ကွင်း အနီးတွင် ထုကြီးထည်ကြီးနှင့် နေအိမ် အဆောက်အအုံအချို့ ရှိနှင့်ပြီး ဖြစ်နေသော်လည်း ယင်းတို့ကို ဖြိုဖျက်သွားမည်ဟု လီဗာပူးလ် မြို့တော်ကောင်စီက အတည်ပြုခဲ့သည်။ လီဗာပူးလ်၏ လက်ရှိကွင်းသည် ပရိသတ် ဝင်ဆံ့မှု (၄၀၀၀၀)ကျော်သာ ရှိရာ ပြည်တွင်းပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နှင့် အာဆင်နယ်တို့ကဲ့သို့ ပရိသတ် (၆၀၀၀၀)အထက် ဝင်ဆံ့သော ကွင်းမျိုး ပိုင်ဆိုင်ရန် စီစဉ်လာခြင်း ဖြစ်သည်။
Source: DailyMail

0 comments:
Post a Comment