Wednesday, October 17, 2012
0
မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ဒဏ်ရာရ ကစားသမားများ ပြန်ကစားနိုင်ရန် တစ်စထက်တစ်စ နီးစပ်လာခြင်းကြောင့် အသင်းမန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်အတွက် ကျေနပ်စရာ ဖြစ်လာခဲ့သည်။ ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူခဲ့ရသော တောင်ပံတိုက်စစ်မှူး အက်ရှ်လေယန်းနှင့် ဗဟိုနောက်ခံ ကစားသမား ခရစ်စမောလင်းတို့သည် ယခုအခါ အသင်းနှင့် လေ့ကျင့်ခန်း ဆင်းနေပြီ ဖြစ်သည်။



နိုင်ငံတကာ ပွဲစဉ် နားရက်များ အပြီးတွင် မန်ယူအသင်း ကစားရမည့် စတုတ်ခ်စီးတီးနှင့် ပရီးမီးယားလိဂ် ပွဲစဉ်၌ အဆိုပါ ကစားသမား နှစ်ဦးစလုံး လူစာရင်း၌ ပါဝင်လာဖွယ် ရှိနေသည်။ ရာသီအစကတည်းက ခံစစ်တွင် ဒဏ်ရာဖိစီးမှုများ ကြုံနေသည့် မန်ယူအသင်းအတွက် စမောလင်း ပြန်ကစားနိုင်ခြင်းသည် သတင်းကောင်းတစ်ခု ဖြစ်လာသည်။

အခြားနောက်တန်းလူ တစ်ဦးဖြစ်သော ဖီးလ်ဂျုံးစ်မှာမူ လတ်တလော ပြန်မကစားနိုင်သေးသော်လည်း နိုဝင်ဘာလ (၃)ရက်နေ့၊ အာဆင်နယ်နှင့် ပွဲအမီ ကြံ့ခိုင်မှု ပြည့်လာဖွယ် ရှိနေသည်။ ဂျုံးစ်ကဲ့သို့ပင် ဒူးဒဏ်ရာ ရရှိထားသူ အသင်းခေါင်းဆောင် နီမန်ဂျာ ဗီဒစ်မှာမူ ဒူးခွဲစိတ်မှုကြောင့် နောက်ထပ် (၄)ပတ်မျှ အနားယူနေရဆဲ ဖြစ်နိုင်ကြောင်း သိရသည်။ ထို့အပြင် ကွင်းလယ်လူ ဒါရင်ဖလက်ချာနှင့် တောင်ပံသမား အန်တိုနီယို ဗလန်စီယာတို့၏ ကြံ့ခိုင်မှုသည်လည်း ရာနှုန်းပြည့် ပြန်လည်ရရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။

Source: DailyMail

0 comments: