Wednesday, October 10, 2012
0
၂၀၁၂ခုနှစ် အောက်တိုဘာ၉ ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်ဖြစ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုအနီးပွားခဲ့သော တိုက်ပွဲမှာမြန်မာတပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်ကြခြင်းမဟုတ်ဟု ကေအိုင်အေဘက်က ပြောကြားသည်။
 
ကေအိုင်အေအဖွဲ့နဲ့ဖြစ်တာတော့ လုံးဝမဟုတ်ဘူး၊ ကျွန်တော်တို့ရွာကြားမှာ ပြည်သူလူထုရှိ တဲ့အိမ်ကြိုအိမ်ကြားလမ်းကြို လမ်းကြားမှာအများဖြတ်သန်းဖြတ်လာလုပ်တဲ့လမ်းမကြီးမှာဘယ်တော့မှမလုပ်ဘူး၊ဟု ဖားကန့်ဒေသတွင် လှုပ်ရှားသည့် ကေအိုင်အေတပ်ရင်း(၆) ဗိုလ်ကြီးလဒွဲက ပြောသည်။
 
လုံးခင်းကျေးရွာတွင် အထိုင်ကျသော မြန်မာစစ်တပ်နှင့်ကာမိုင်းမြို့မှဝင်ရောက်လာသော မြန်မာစစ်တပ်တို့သည် လယ်ပြင်ကျေးရွာအနီးဖားကန့်လမ်း ပဇောက်ကွေ့တွင် အချင်းချင်းမှားယွင်းစွာ ပစ်ခတ်ခြင်းသာဖြစ်သည်ဟု ၄င်းကဆိုသည်။
 
လုံးခင်းမှာအထိုင်ကျတဲ့တပ်ရင်း ၈၉ နဲ့ ကားမိုင်းကတပ်လာတာကတ.က.စ(၃)ရယ်န.မ.စလက်အောက်က တပ်ရင်းတွေက အ၀င်အချင်းချင်း မှားပြီးပစ်ကြတာပေါ့ဟု ဗိုလ်ကြီးလဒွဲက ဆက်လက်ပြောသည်။
 
ပစ်ခတ်မှုအတွင်းသေဆုံးမှု ရှိသည်ဟုမကြားသိရသော်လည်းလုံးခင်းမြို့ အထက်တန်းကျောင်းအနီးနှင့် နေအိမ်နားသို့ လက်နက်ကြီးအချို့ ကျရောက်ရှိခဲ့ကာဒေသခံ(၃)ဦးဒဏ်ရာရရှိသည့်အတွက်ဖားကန့်ဆေးရုံသို့ပို့ထားရသည်ဟု လုံးခင်းဒေသခံတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
 
လုံးခင်းဘက်ကလူသေတာတော့မရှိပါဘူးဒါပေမဲ့ လက်နက်ကြီးကအထက်တန်းကျောင်းနဲ့နေအိမ်နား တွေကိုကျတယ်။ အိမ်ခေါင်းမိုးတွေ ပေါက်တာ ပြဲတာတွေ ဖြစ်ကုန်တယ်။ဒါပေမဲ့ ဒေသခံ(၃)ဦးလောက်တော့ ဒဏ်ရာရသွားတယ် အခုဖားကန့်ဆေးရုံမှာတင်ထားရတယ်ဟု လုံးခင်းဒေသခံ ဦးအောင်ထွန်းဦးကပြောသည်။
 
အောက်တိုဘာ၉ရက်နေ့ နံနက်ပိုင်းတွင် ကားမိုင်းမှ လုံးခင်းမြို့သို့ဝင်ရောက်လာသော မြန်မာစစ်တပ်အင်အားမှာ (၁၀၀)ကျော်ရှိပြီးအချင်းချင်းပစ်ခတ်မှုမှာ (၁)နာရီခွဲခန့်ကြာမြင့်ခဲ့သည်ဟု ကေအိုင်လ်အေ တပ်ရင်း(၆)မှဗိုလ်ကြီးလဒွဲက ဆက်လက်ပြောပြခဲ့သည်။
 
ယင်းအချက်နှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။

0 comments: