Wednesday, October 10, 2012
0
ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်လို၍  ပုဂံမြို့ဟောင်း၌ အဆောက်အဦးအသစ်များ တိုးချဲ့ဆောက်လုပ်နေ့သည့် ကိစ္စအား နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုကြမည် ဖြစ်သည်။
 
ပုဂံမြို့ဟောင်းနယ်မြေအတွင်းရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကဇာတ် ဖျော်ဖြေရေး၊ လူနေအိမ်များ ဆောက်လုပ်နေမှု အပေါ် နိုင်ငံတော်သမ္မတထံသို့ စာတင် သွားမည်ဖြစ်ကြောင်း ပုဂံရှေးဟောင်းနယ်မြေ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သိရှိရသည်။
 
ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရန်အတွက် အထက်ပါ အဆောက်အဦး   အသစ်များကြောင့် အခက်အခဲရှိနိုင်သဖြင့် ယခုကဲ့သို့ တားဆီးပိတ်ပင်ရခြင်း ဖြစ်ကြောင်းကို လည်း သိရသည်။
 
နိုင်ငံတော်အစိုးရကမြိုသစ်ကိုအိမ်တွေပြောင်းခိုင်းတာလည်းမြို့ဟောင်းကိုရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် ထားဖို့ပါ၊ ကျွန်တော်တို့ ပုဂံမြို့ဟာင်းကနေ ပုဂံမြို့သစ်ကို ပြောင်းရွှေပေခဲ့ ရတာ ဟာ သူတို့ဒီလိုအဆောက်အဦးသစ်တွေ ဆောက်ဖို့မဟုတ်ပါဘူး’’ဟု ပုဂံယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကိုအောင်ရွှေက ပြောသည်။
 
ပုဂံမြိုဟောင်းကျုံးမြို့ရိုးအတွင်းရှိ(၂၀၀၈-၂၀၀၉)မှ တည်ဆောက်ခဲ့သော နန်းတော်ပုံ အဆောက်အဦးအတွင်း ထူး-ကုမ္ပဏီမှ စားသောက်ဆိုင်နှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင် များနှင့်(၁၈၈၆)ခုနှစ်က တည်ဆောက်ခဲ့သော(ဘုတ်ကျောင်း)အား ဖြိုချပြုပြင်၍ နန်းတော် စားသောက်ဆိုင်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုရန်စီစဉ်နေခြင်း၊ အေဒီ(၃)ရာစု ပျုစောမင်းကြီး တည်ထားခဲ့သော ဗူးဘုရားစေတီတော်အနီး မြစ်ကမ်းနဖူးတွင် (၁၉၉၀)ခုနှစ် နောက်ပိုင်းမှယနေ့တိုင် သံဇကာခြံဝန်းခတ်၍ ရှေးဟောင်းဇုံမြေနေရာကို သိမ်းယူပြီးဟိုတယ် ဆောက်လုပ်ခြင်းနှင့် နန်းမြင့်မျှော်စင်စသည့်ခေတ် မှီအဆောက်အဦးများ တည်ဆောက်ထား ခြင်းကြောင့်   ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များပျက်စီး နေခြင်းရကြောင်းကိုလည်း သိရသည်။
 
 ကျွန်တော်တို့က အခု(၈၈)ကျောင်းသားတွေနဲ့ မီဒီယာများကို အရင် တွေ့ဆုံပြီး ပြောပြတာပါ၊ နောက်နိုင်ငံတော်သမ္မတဆီကို စာတင်မယ် နောက်ဆန္ဒထုတ်ဖော်မယ်ပုဂံယဉ်ကျေးမှုထိန်း သိမ်းစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကိုမင်းနိုင် ကပြောသည်။
 
အဆိုပါ အဖွဲ့အနေဖြင့်  အောက်တိုဘာလ(၇)ရက်နေ့တွင် ၈၈မျိုးဆက်ကျောင်းသား ခေါင်း ဆောင်များအဖွဲ့များ၊ မီဒီယာသမားများနှင့်  ရန်ကုန်၌တွေဆုံကာသတင်း စာရှင်းလင်းပွဲ တစ်ခုပြုလုပ်၍ ၄င်းတို့ ရှေ့လုပ်ငန်းစဉ်များအားချပြခဲ့ခြင်းဖြစ်သည်။
 
ပုဂံမြိုဟောင်းကျုံးမြို့ရိုးအတွင်း ဗူးဘုရားစေတီတော်၏ ရှေမျက်နှာစာနှင့်အ၀င်လမ်းမတစ် လျှောက် ဆောက်လုပ်ထားသော ပြဇာတ်ခုံကြီးနှင့်ညဈေးတန်းအစားအသောက် နှင့်အဖျော်ရည်ယမကာများ ရောင်းချသော ဈေးဆိုင်ခန်းများ၊သမ၀ါယမ၀န်ကြီးဌာန အိမ်တွင်းစက်မလက်မှုလုပ်ငန်းဌာန လက်အောက် ယွန်းကောလိပ်မှ(၁၉၉၀)ခုနှစ်နောက်ပိုင်းသိမ်းယူထားသော အုတ်နံရံကြီးနှင့် နှစ်ထပ်အဆောက်အဦးကြီးများ တည်ဆောက်ထားကြောင်းကိုလည်း သိရှိရသည်။
 
ယခုအခါပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေတွင် အဆောက်အဦးသစ်များနှင့် နေရာယူနေသည့်အပေါ်တွင် ယဉ်ကျေးမှုပပျောက်မည်ကို စိုးရိမ်နေကြောင်းကိုလည်း သိရ သည်။
 
 ‘ ပုဂံက မြန်မာနိုင်ငံအတွက် အရေးပါတဲ့မြို့ဖြစ်တာကြောင့် အခုလို အဆောက်အဦး အသစ်တွေဆောက်နေတာကို ထိန်းချုပ်ဖို့လိုတယ်ဟု (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက အကြံပြုပြောဆိုခဲ့သည်။

0 comments: