ဂြိုဟ်ပတ်လမ်း
အတွင်းရှိ နိုင်ငံတကာ အာကာသ စခန်းသို့ ထောက်ပံ့ ပစ္စည်းများနှင့် အာကာသသုံး
အသုံး အဆောင် ပစ္စည်းများ ကို ပေးပို့ရန်အတွက် ဖလော်ရီဒါ ပြည်နယ် ကိပ်ကန်နာ
ဗာရယ်လ် လေတပ်စခန်းမှ ကုန်တင် အာကာသယာဉ် တစ်စင်းကို အောက်တို ဘာ ၇ ရက်
ညပိုင်းတွင် လွှတ်တင် ခဲ့ကြောင်း နာဆာ ရုပ်မြင် သံကြား၏ ထုတ်လွှင့်ချက်အရ သိရသည်။
Dragon
Capsule အမည်ရှိ အဆိုပါ ကုန်တင် အာကာသ ယာဉ်သည် Space X ကုမ္ပဏီမှ ဖြစ်ပြီး
နိုင်ငံတကာ အာကာသ စခန်း သို့ ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့နိုင်ရန်
စာချုပ် ချုပ်ဆိုထားသည့် ကုန်တင် အာကာသယာဉ် (၁၂) စင်းအနက် ပထမဆုံးသော
အာကာသယာဉ် ဖြစ်ကြောင်း သိရသည်။
အဆိုပါ
Dragon ကုန်တင် အာကာသ ယာဉ်သည် သုတေသန ဆိုင်ရာ ပစ္စည်းများ၊ ရေခဲ သေတ္တာ
တစ်လုံး၊ စက်ပစ္စည်း အပို ပစ္စည်းများ၊ အဝတ် အထည်နှင့် စားစရာများ အပါအဝင်
အလေးချိန် ၄၅၄ ကီလိုဂရမ်ရှိ ကုန် ပစ္စည်း များကို သယ်ဆောင် သွားခဲ့ကြောင်း
သိရသည်။
အကယ်၍
အဆိုပါကုန်တင် အာကာသယာဉ် လွှတ်တင်မှု အောင်မြင်ပါက ၎င်းအာကာသယာဉ်သည် နိုင်ငံတကာ
အာကာသစခန်း မှ ပြန်လည် ပေးပို့သော စက်ပစ္စည်းများ၊ ပြင်ဆင်မှု ပြုလုပ်ရမည့်
ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်း အလေးချိန် ၉ဝ၇ ကီလိုဂရမ် ကို ပြန်လည်
တင်ဆောင်၍ အောက်တိုဘာ လကုန်ပိုင်း ၌ ကမ္ဘာသို့ ပြန်လည် ဆင်းသက် လာမည်
ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment