Friday, November 09, 2012
0
 
 
နိုဝင်ဘာ ၇ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင်ကန်ပေါက်မြို့သို့ဘင်္ဂလီ လူမျိုး၁၅၀ခန့် တင်ဆောင်လာသော ကွန်တိန်နာသင်္ဘော တစ်စီးဝင်ရောက်လာ ခဲ့ကြောင်းတနင်္သာရ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှသိရသည်။
ယင်းသင်္ဘောပေါ်တွင် ဘင်္ဂလီလူမျိုးအမျိုးသား ၁၅၀ပါဝင်ပြီးမြန်မာစကားပြောတတ်သူသုံးဦးခန့်သာပါဝင်    ကြာင်းသိရသည်။၎င်းတို့သင်္ဘောအနေဖြင့်မလေးရှားနိုင်ငံသို့သွားစဉ် မြန်မာရေပိုင်နက်အတွင်းလမ်းမှား ၀င်ရောက်လာခြင်းဖြစ်ကြောင်းပြောခဲ့သည်ဟုသိရသည်။
တပ်မတော်(ရေ)မှ အဆိုပါသင်္ဘောကိုရိက္ခာများဖြည့်တင်းပေး၍ မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ထပ်မံ ၀င်ရောက်ခြင်းမပြုရန်သတိပေးကာနိုင်ငံတကာရေပိုင်နက်အတွင်းသို့ပန်လည်ပို့ဆောင်ပေးခဲ့ကြောင်းအစိုးရ အဖွဲ့မှာတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၈ရက်နေ့တွင်ပြောသည်။
ထို့ပြင် နိုဝင်ဘာလ ၄ရက်နေ့ကလည်း ဘင်္ဂလီလူမျိုး ၇၉ ဦးလိုက်ပါလာသော စက်လှေတစ်စီး သည် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့သည့်အတွက် တပ်မတော်(ရေ)မှ နိုင်ငံတကာရေပိုင်နက် သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

0 comments: