“ကြေးနီစီမံကိန်းက ရွာသူရွာသားတွေ အတွက် အကျိုးရှိသလား ဆိုတာရေရှည်အတွက် စုံစမ်းရဦးမှာပါ”
[ ယနေ့ နေ့လည် ၁၂နာရီ၌ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က သတင်း မီဒီယာများအား ပြောဆိုချက်များမှ ကောက်နှုတ်ဖော်ပြပါသည်။]
[ ယနေ့ နေ့လည် ၁၂နာရီ၌ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က သတင်း မီဒီယာများအား ပြောဆိုချက်များမှ ကောက်နှုတ်ဖော်ပြပါသည်။]
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ကျွန်မတို့ကော်မရှင်အဖွဲ့တွေ မုံရွာကနေ ကြေးနီစီမံကိန်းရှိတဲ့နေရာတွေ မှာရှိတဲ့ ရွာသူရွာသားတွေနဲ့တွေ့ခဲ့ပါတယ်။ သူတို့ဆီမှာ အခြေအနေတွေ စုံစမ်းနေပါတယ်။ကော်မရှင်ရဲ
ပထမဦးဆုံးကြေးနီ စီမံကိန်းနဲ့ပတ်သက်တယ်ဆိုတာတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ချက်ခြင်းတော့အဖြေပေါ် မှာမဟုတ်ပါဘူး။ကျွန်မတို့အဖွဲ့တွေ ကွင်းဆင်းပြီးတော့ ရွာသားတွေရဲ့အခြေအနေကျန်းမာရေးကိစ္စရော ပတ်ဝန်း ကျင်ကိစ္စရော အားလုံး လေ့လာမယ်။ ကြေးနီစီမံကိန်း အလုပ်ကိစ္စ တွေရော ဘယ်လိုလုပ်နေသလဲဆိုတာ လေ့ လာနေတယ်။ နည်းပညာတွေရဲ့ အသုံးပြုမှု တွေက ပတ်ဝန်းကျင်အခြေအနေနဲ့ ကိုက်ညီရဲ့လားဆို တာ လည်း လေ့လာနေတယ်။ကျွန်မတို့ ကော်မရှင်က အသိပညာရှင်တွေ အတတ်ပညာရှင်တွေကို ဆင့်ခေါ်ပြီး အကြံ ဉာဏ် တောင်းပါမယ်။ သူတို့တွေ ပါဝင်နိုင်အောင်လည်း စီစဉ်ထား ပါတယ်။
သပိတ်စခန်းကို ဖြိုခွဲတဲ့ ကိစ္စနဲ့ပတ်သက်လို့ကတော့ အားလုံးသိတဲ့အတိုင်းပဲ သံဃာတော်တွေ အများအပြား ထိ ခိုက်ဒဏ်ရာ ရခဲ့ကြတယ်။ သပိတ်စခန်းက ကိုယ်တော်တွေ မီးလောင်ဒဏ်ရာတွေ ရခဲ့ကြတယ်။ ကျမ ကိုယ်တိုင် လည်း သွားတွေ့ခဲ့ပါတယ်။ သံဃာမဟုတ်တဲ့ လူတွေလည်း တွေ့ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲအ ရာရှိ တွေနဲ့တွေ့ခဲ့ပါတယ်။ ဆွေးနွေးခဲ့တယ်။ ကျမတို့ နားလည် သလောက်တော့ သူတို့ကလဲ ဒီအတိုင်းပဲ ပြောပါ တယ်။
သပိတ်စခန်းကို ပထမဦးဆုံး မီးသတ်ပိုက်နဲ့ ရေဖြန်းပါတယ်တဲ့။ ရေဖြန်းပြီးတော့ သပိတ်စခန်းက ထွက်ခွာကြ ဖို့ ပြောခဲ့ပါတယ်တဲ့။ ဒီမှာထွက်ခွာမှုမရှိတဲ့အတွက် မျက်ရည်ယိုဗုံးတွေ သုံးခဲ့ပါတယ်တဲ့။ မျက်ရည်ယိုဗုံးတွေ သုံး တဲ့အခါမှာ သပိတ်စခန်းက ကိုယ်တော်တွေနဲ့ လူတွေကတော့ မီးဗုံးနဲ့ ပေါက်တယ် ပြောကြပါတယ်။ ရဲတွေ ကို မေးတော့ ဒါတွေက မျက်ရည်ယိုဗုံး ပါပဲတဲ့။ ဒါကို အတတ်ပညာရှင် တွေနဲ့ အတည်ပြုတဲ့ အခါမှာမျက်ရည်ယို ဗုံးနဲ့ ရေတွေ တွေ့တဲ့အခါ ဒါမျိုး ဖြစ်တတ်တယ် ဆိုတာ တွေ့ရပါတယ်။
ဒီကိစ္စကို စုံစမ်းစစ်ဆေးဆဲ မို့လို့ ကျွန်မတို့ အဖြေ မပေးသေးပါဘူး။ကျွန်မတို့ စုံစမ်း စစ်ဆေးရေး မှာ တရားဥပဒေ အတိုင်း လုပ်ပါမယ်။ ဥပဒေ စိုးမိုးရေးရဲ့ အခြေခံမူက ဘာလဲဆိုတော့ မျက်မြင် ထင်ရှားတဲ့ သက်သေ၊ ခိုင်လုံတဲ့ အထောက်အထား တွေလိုပါတယ်။ ခိုင်ခိုင်မာမာ လုံလုံလောက်လောက် ထင်ရှားတဲ့ သက်သေရမှ ဘယ်သူမှာ အပြစ်ရှိတယ် ဆိုတာ အမြန်ဆုံး ထုတ်ပြန် သွားမှာပါ။
လူတိုင်းဟာ သံသယတွေကို ခံစားပိုင်ခွင့်ရှိရမယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်သူမှာအပြစ်ရှိတယ်လို့ မသတ် မှတ် သေးပါဘူး။စုံစမ်းစစ်ဆေးပြီး
လက်ရှိ ခံစားနေတဲ့အချိန်မှာ ကျွန်မတို့စုံစမ်းမှုတွေ တလွဲမဖြစ် အောင်လို့ ကျွန်မတို့ စုံစမ်းရေး ကော်မတီဝင်တွေ က သတင်းထောက် တွေနဲ့ တွေဆုံဆွေးနွေးပြီး တွေ့ရှိချက်တွေအပေါ်မှာ သတင်း ထုတ်ပြန်ခြင်း မလုပ်ရပါဘူး ဆိုတာ ကျွန်မတို့ ကော်မတီကချမှတ်ထားပါတယ်။ အချိန်တိုင်း လိုအပ်သလို သတင်းထုတ်ပြန်ချက်တွေ လုပ်ပါ မယ်။ သတင်းစာရှင်းလင်းပွဲ တွေလုပ်ပါမယ်။ ကော်မရှင် အဖွဲ့ဝင်တွေအနေနဲ့ တစ်ဦးချင်း သတင်းစာရှင်းပွဲတွေ မ လုပ်ရပါဘူး။သတင်းထုတ်ပြန်ချက်တွေက လိုအပ်သလို ထုတ်ပြန်သွားမှာပါ။ သတင်းစာ ရှင်းပွဲတွေလဲ လိုအပ် သလို လုပ်မှာပါ။
မနေ့ကမန္တလေးကို ရောက်ခဲ့ပါတယ်၊ ရွာသူရွာသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနေလည်းကံကုန်းရွာကို ရောက်နေ နပါတယ်။ ပတ်ဝန်းကျင် အခြေအနေ တွေကို လေ့လာနေပါတယ်။ဒီလို စုံစမ်းတဲ့အခါမှာ နိုင်ငံတော်က တာဝန်ရှိ တယ် ဆိုတဲ့အမြင်နဲ့ စုံစမ်းပါတယ်။ ပြည်သူလူထုပါမှ ရမယ်ဆိုတာ ကျွန်မလက်ခံပါတယ်။ ဒါ့ကြောင့် တတ်နိုင် သလောက် ပြည်သူလူထုနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။
မနက်ဖြန်မှာ ကျမတို့ရဲ့ အတွင်းရေးမှုး ဦးကျော်တင်ဆွေ ကိုယ်တိုင်မန္တလေးကို သွားပါမယ်။ အဲဒီမှာ ဒဏ် ရာရ တဲ့သူတွေရောက်နေတာ ဆိုတော့ဘယ်လိုအခြေအနေ ရှိလဲစုံစမ်း ပါမယ်။ဒီနေ့သတင်းစာရှင်းပွဲကတော့မေး မြန်း ချက်တွေအပေါ်မှာ သိသင့်သလောက်ကို ကျွန်မ ပြောပါမယ်။ တချို့ကိစ္စတွေက စုံစမ်းဆဲဆိုတော့ မပြီးခင် မှာ ဖေါ်ထုတ်လို့ မရတာတွေ ရှိနေတဲ့ အတွက်ပါ။
0 comments:
Post a Comment