အခုဖြစ်စဉ်မှာ အခွင့်အရေးနဲ့  တာဝန် ခွဲခြားမြင်ဖို့  လိုပါတယ်။ ဆနပြခွင့် ဆိုတာက အခွင့်အရေး၊ နိုင်ငံသားတွေ ရဲ့ အခြေခံလူ့ အခွင့်အရေး။ ဥပဒေကို လိုက်နာရမယ် ဆိုတာက တာဝန်။ နိုင်ငံသားတိုင်း လိုက်နာရမယ့် တာဝန်။
ပြည်ပက သွေးထိုးနေကြတဲ့ လူတွေ ပိုပြီး သိပါတယ်။ သူများ နိုင်ငံမှာ ဘယ်လိုနေထိုင်ကြရသလဲ ဆိုတာ။ အမေ ရိကန်မှာလည်း ဆန္ဒပြခွင့်ကို ကြိုတင်ပြီးတင်ပြရတာပါပဲ။ ပြီးတော့ အုပ်ချုပ်ရေးက တားမြစ်တာမဟုတ်ဘဲ ဆန္ဒပြ တဲ့နေရာ အမှိုက်ရှုပ်လို့ ဆိုပြီး မြို့ တော်ဝန်က ပိတ်ပင်တာတွေ လည်း ရှိပါတယ်။
အခွင့်အရေးအရ ကြည့်မယ်ဆိုရင် ဆန္ဒပြခွင့်ရှိရပါမယ်။ အခု သပိတ်စခန်းနေရာက ပုဒ်မ ၁၄၄ ထုတ်ထားတယ် လို့ သိရတယ်။ ဒါဆိုရင်တော့ ဖြတ်သန်းသွားလာခွင့်တောင် မရှိတဲ့ အထူးတားမြစ်နယ်မြေတစ်ခု ဖြစ်နေပါတယ်။ အထူးတားမြစ်နယ်မြေထဲ သပိတ်စခန်း ဖွင့်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်ထဲရေးကအမိန့်  ကြေညာချက် ထုတ်တာကိုလည်းတွေ့ရတယ်။ ဘယ်အချိန်မှာ နောက်ဆုံးထားပြီး ထွက်ပေးပါဆိုတာလည်း အသိပေးထား တာတွေ့ရပါတယ်။
နေရာဌာနတစ်ခုခုကို ၀င်ရောက်နေရာယူပြီး ဖယ်ပေးဖို့  တောင်းဆိုလည်း မဖယ်တဲ့ အခုလို ဆန္ဒပြတဲ့သူတွေကို ဘယ်ပုံဘယ်နည်းနဲ့  ကိုင်တွယ်ရမလဲဆိုတာ သေသေချာချာ မသိကြဘူး။ ယိုးဒယားမှာ သုဝဏဘုမိ လေဆိပ်ကို အ၀ါတွေ သိမ်းပိုက်ထားတော့ ယိုးဒယားရဲတွေ ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားသလဲ။ နည်းလမ်းရွေးချယ်မှု၊ အချိန်ရွေးချယ်မှု၊ လူရွေးချယ်မှု အားလုံးဟာ အနောက်နိုင်ငံတန်းမီတယ်။ ပြီးတော့ ဒီလို ဆန္ဒပြသူတွေကြောင့် ဆိုးကျိုးတွေ ဘယ်လိုဖြစ်နေပါပြီ ဆိုပြီး PR ကို ကောင်းကောင်း အသုံးချပြီး ရှင်းတယ်။
Occupy Wall Street မှာ ဘယ်လို လုပ်သွားသလဲ သတိထားဖို့  လိုပါတယ်။ လန်ဒန်မှာ ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်သွားလဲ။ တူတာတော့ မတူပါဘူး။ လက်ပံတောင်းက၀င်ပြီး သပိတ်စခန်း ဖွင့် ပြန်မထွက်တော့ တာ။ အဲဒါနဲ့  ဆင်ဆင်တူတာ တရုတ်မှာ ဖြစ်သွားတဲ့ဟာ တစ်ခုရှိပါတယ်။ ၀ိုင်းပိတ်ပြီး ဖြတ် ၄ ဖြတ် လုပ်ခဲ့တဲ့အ တွက် လူ့ အခွင့်အရေးအဖွဲ့  တွေက ၀ိုင်းပြီး ထိုးနှက်တာ ခံခဲ့ရတယ်။
ပြီးတော့ ဆန္ဒပြတဲ့သူတွေကို ထိုးတဲ့ မီးသတ်ပိုက်နဲ့  ထွက်လာတဲ့ ရေလုံးကိုလည်း ကြည့်လိုက်ကြပါဦး။ ရေနဲ့  ထိုးတာမဟုတ်ဘူး ရေဖျန်းပေးရုံလေးပဲ။ ဆရာတော်တွေ ထိုင်နေတဲ့ နေရာအထိ ရေလုံး မရောက်ဘူး။ မီးသတ် ကားကိုလည်း ကြည့်လိုက်ဦး။ စစ်ကျန် တီအီးကားကို ရေစည်တင်ထားတဲ့ကား။ သာမန် မီးလောင်ချိန်မှာတော့ သုံးလို့  ရရင်ရမှာပေါ့။ အခုလို အဓိကရုဏ်း နှိမ်နင်းရေးနဲ့ တော့တယ်ပြီး မလိုက်ဖက်ဘူး။
အခု သုံးသွားတဲ့ ဗုံးတွေကို အရင်ကသုံးဖူးကြရဲ့လား။ ဒီဗုံးတွေရဲ့ သက်ရောက်မှုကိုရော စစ်ဆေးပြီးကြပြီလား။ ဒါ လည်းတယ်ပြီးမထင်လှဘူး။အခုအချိန်မှာ သေချာပြန်တွေးကြည့်ရင် လက်ပံတောင်းအိပ်မက်ဆိုးဟာ အကြောင်း တိုက်ဆိုင်လိုဖြစ်ပေါ်လာတယ်ဆိုပေမယ့်လက်ပံတောင်းတောင်ရိပ်ကိုခိုနေကြတဲ့နိုင်ငံရေးလုပ်စားတွေ အများကြီး ပါဝင်ပတ်သက်နေတယ်။ အခုနောက်ဆုံး ကုလားမာကီးနဲ့  စုစုနွေးတို့ကရော မန္တလေးသွားပြီး ထိုင်သပိတ်မှာဝင် ပြီးဆန္ဒပြတယ် လို့ ကြားရပါတယ်။ လက်ပံတောင်း တောင်ရိပ်ကို ခိုကြတဲ့ နိုင်ငံရေးလုပ်စားတွေ အများကြီး ထွက်လာဦးမှာပါ။
မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာတော်ငယ်တွေ လက်ပံတောင်းကို ဘာဖြစ်လို့  ရောက်နေကြရတာလဲ။ မုံရွာက ဆရာတော်တွေနည်းပါတယ်။ဒီဗွီဘီကတင်ထားတဲ့ ဗီဒီယိုမှတ်တမ်းကို သေချာပြန်ကြည့်ရင် လက်ပံေ တာင်းတောင်ရိပ်နောက်မှာ ညွှန်ကြားချက်တွေထုတ်နေတဲ့ နိုင်ငံရေးလုပ်စားတစ်ချို့ ကို တယ်လီဖုန်းနဲ့  သတင်း ပို့ နေကြတာ တွေ့  ရတယ်။
ပြီးတော့ ရေနဲ့ ပက်နေတဲ့အချိန်မှာ ဆရာတော်တွေကို တန်းစီခိုင်း(ဆရာတော်တွေကလည်း တန်းစီကြရတယ် ) ပြောသေးတယ် တပည့်တော်ရှေ့ကနေ အသေခံပါ့မယ်တဲ့။ အခုဒဏ်ရာရှိတဲ့ လူတွေထဲမှာ အဆိုပါခေါင်းေ ဆာင်ကြီး ပါမှပါလေစ။ အရှင်ဘုရားတို့  ဒီလမ်းက ဆုတ် - ဆိုတော့ ဒီလောက်အခိုင်အမာ ယူထားပြီးမှ ဆုတ်ရ မှာလား ဆိုတဲ့ ကိုယ်တော်က တစ်ဘာသာ။
The Art of Engagement ကို သိကြပါသလား။စေ့စပ်ညှိနှိုင်းမှု အနုပညာလို့တောင် ခေါ်တွင်ကြတဲ့ ဒိုင် ယာလော့ဆိုတာ မလွယ်ကူလှတဲ့ အနုပညာတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့လို ဒီမိုကရေစီ နုနယ်သေးတဲ့ နိုင် ငံမှာ အဆိုးဆုံးက အစဉ်အဆက် Rule of Law အားနည်းခဲ့တာပါပဲ။ ပြည်သူတွေကလည်း ဥပဒေတွေ ကို ကောင်းကောင်း မသိဘူး။ မသိတဲ့အပြင် အဲဒီဥပဒေကို ချိုးဖောက်ရင် ဘာဖြစ်မယ်ဆိုတာ မသိဘူး။ Law Enforcement ဘက်ကလည်း လက်တစ်လုံးခြား လုပ်လာတ များတဲ့အတွက် Rule of Law Practice အားနည်းလွန်းတယ်။
ပြီးတော့ တောက်လျှောက် ဗဟိုထိန်းချုပ်တဲ့ အုပ်ချုပ်ရေးစနစ်ကို နှစ်ပေါင်းများစွာ ကြုံတွေ့  ဖြတ်သန်း လာရ တာ ဖြစ်တဲ့အတွက် အုပ်ချုပ်သူအလိုကျ Enforcement ကိုပဲ လုပ်လာခဲ့တာ ဖြစ်တယ်။ နိုင်ငံတကာနဲ့  ထိတွေ့ မှု အားနည်းခဲ့တဲ့အတွက်ကြောင့်လည်း ဘာဖြစ်ရင်ဘယ်လိုလုပ်ရတယ်၊ အဓိကရုဏ်းတွေ နှိမ်နင်းရာမှာ လူ့ အခွင့် အရေး ရှုထောင့်ကို ဘယ်လို ထည့်သွင်းတွက်ချက်ပြီး ဆောင်ရွက်ရတယ် ဆိုတာကို နားမလည်ကြဘူး။
FDI Law passed ဖြစ်သွားတော့ ဘာတွေများ ၀င်လာကြပါပြီလဲ။ Invester တွေက လက်ပံတောင်း အရေးတော်ပုံကို စောင့်ကြည့်နေကြပါတယ်။ ဟုတ်တယ်လေ- သူတို့တစ်တွေ မြန်မာနိုင်ငံမှာလာပြီး စက်ရုံ ကြီးတွေတည်- စီမံကိန်းကြီးတွေ စတင်ပြီးမှ အခုလို ဆန္ဒပြ- ဖျက်သိမ်းပေးပါ တောင်းဆိုလာရင် အစိုးရက ဘာ လုပ်မယ်ဆိုတာ သေချာ မသိတော့ဘူး။ စီးပွားရေးလောကမှာ ကြောက်စရာ အကောင်းဆုံး မသေချာ မရေရာမှု Uncertainity ကို ဘယ်သူတွေ ဖန်တီးနေကြပါသလဲ။ ရှင်းရှင်း ပြောရရင် ဒီမိုကရေစီခေတ်ပျက် နိုင်ငံရေးသမား၊ နိုင်ငံရေးလုပ်စားတွေပဲ။
ဒီနေ့  ဆရာတော်တွေရဲ့  တောင်းဆိုချက် မိုက်ချက်ကတော့ ကမ်းကုန်နေတာပါ။နောက်ဆုံးအချက်က ဘာတဲ့။ စစ်တပ် မြန်မာ့နိုင်ငံရေးက အပြီးတိုင်ထွက်ပေးဖို့ တဲ့။ ဒါကရော ဘယ်က Tactics တွေလဲ။နိုင်ငံရေးအံတုမှုရဲ့  နည်းစဉ်တွေအတိုင်း လုပ်နေကြပြီပေါ့။ အရင်ခေတ်ကဆိုရင် ဗကပလမ်းစဉ်လို့ကင်ပွန်းတပ်လိမ့်မယ်။ အခုတော့ မလိုအပ်တဲ့ နိုင်ငံရေးတိုက်ကွက်တွေ ဖော်လာနေပြီ။ သံဃာကိုဒိုင်းကာပြီး နိုင်ငံရေးတိုက်ပွဲ ဆင်နေကြတာ မြင်ေ
နကြရပါပြီ။
စစ်တပ် ဘာကြောင့် ဒီနိုင်ငံရေးဝဲ၈ယက်ထဲ ရောက်နေတာလဲ။ တိုင်းရင်းသားတွေနဲ့  စစ်ပွဲ မငြိမ်းနိုင်တာ အနာအ စစ်အမှန်ကို ကြည့်ဖို့ လိုတယ်ဆိုတဲ့ စကားလိုပါပဲ။ ကဲ စစ်တပ်ဘာဖြစ်လို့  နိုင်ငံရေးထဲ ပါနေရတာလဲ။ ခင်ဗျားတို့  နိုင်ငံရေးသမားတွေအရပ်ဖက် - စစ်ဖက် ဆက်ဆံရေးကို ကောင်းကောင်း လေ့လာသုတေသန ပြုလုပ်ပြီးကြပါပြီ လား။
လက်ရှိအခြေအနေကို ပြန်ကြည့် - စစ်တပ်ကို ဘာကြောင့်လိုအပ်နေသလဲ။ ရှင်းရှင်းလေးပဲ။ မငြိမ်းချမ်းသေးလို့ ။ အမျိုးသားရင်ကြားစေ့ရေး မအောင်မြင်သေးလို့ ။ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တိုက်ပွဲတွေ ဖြစ်နေသေးတဲ့ တစ်ပြည်လုံးအနှံ့  ငြိမ်းချမ်းရေးမရှိသေးလို့ ။ ဆက်ပြီးတွေးရင်မငြိမ်းချမ်းတော့မတည်ငြိမ်၊မတည်ငြိမ်တော့ ငြိမ် ၀ပ်ပိပြားမှုဟာ လိုအပ် ချက် ဖြစ်လာပြီ။၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ဖို့  စစ်တပ်နဲ့ အဆင်ပြေမှ ရနိုင်မှာပါ။ စစ် တပ်မထောက်ခံ သရွေ့  အခြေခံဥပဒေ ပြင်လို့ မရဘူး ။ ပြီးတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တာတွေ ပြန် ကြည့်။ နိုင်ငံရေးသမားတွေက နိုင်ငံရေးအမြင်နဲ့ ကြည့်တယ်။ စစ်တပ်က စစ်ရေးအမြင်-လုံခြုံရေးအမြင်နဲ့ ကြည့် တယ်။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းလို့  မရတော့တဲ့အချိန်မှာ စစ်တပ်ဝင်လာတာပဲ မဟုတ်လား။ စစ်တပ် ၀င်လာတယ်ဆိုတာ နိုင်ငံရေးလမ်းစဉ် ကုန်သွားပြီး မရတော့တဲ့ အခြေအနေမှာပါ။
အခုအနေအထားကရော နိုင်ငံရေးဒိုင်ယာလော့တွေနဲ့  ရှင်းလို့ မရတော့တဲ့ အခြေအနေ ရောက်နြေ ပီလား ။ ရောက်နေပြီလို့ ယူဆကြပါသလား။ စစ်တပ်ကိုယ်တိုင်ကလည်း ခင်ဗျားတို့နိုင်ငံရေးထဲက အခုချက်ချင်းထွက် သွားပါလို့  ၀ိုင်းပြီးပြောတာနဲ့  ထွက်သွားမှာတဲ့လား။ ဆရာတော်တွေကိုနောက်ကွယ်ကသွေးထိုး မြှောက်ပင့်ပေး ပးနေတဲ့ နိုင်ငံရေးသမားတွေစဉ်းစားဖို့ပါ။ စစ်တပ် စိတ်အေးလက်အေးနဲ့  နိုင်ငံရေး နယ်ပယ်က ထွက်သွား နိုင်လောက်တဲ့ အခြေအနေတွေ ခင်ဗျားတို့  ဖန်တီးပေးထားပါပြီလား။
အိမ်နီးချင်း
၅ နိုင်ငံနဲ့  နှိုင်းယှဉ်ကြည့်ရင် အကုန်လုံး နိမ့်ကျနေတဲ့ စစ်တပ်ကို
လူရိုသေရှင်ရိုသေ ဖြစ်အောင် ခင်ဗျားတို့  လုပ်ပေးပြီးပြီလား။
အနည်းဆုံးအဆင့် စစ်တပ်နဲ့  ကောင်းမွန်တဲ့ ဆက်ဆံရေးကောင်းတစ်ရပ်ရှိေ
အာင်ခင်ဗျားတို့လုပ်ပြီးပြီလား။ လွှတ်တော်ထဲမှာ အစိမ်းဝတ်ဆိုရင်
လိမ်မာပါးနပ်စွာ ထိတွေ့ ဆက်ဆံရမယ့် အစား ဥက္ကဌတွေက လူပုံအလယ်အရှက်ခွဲ-
မတ်တပ်ရပ်ကန့်ကွက်တော့ ယူနီဖောင်းဝတ်တွေပဲ ထီးတည်းဖြစ်ေ အာင်၊ ပြောရရင်
ပြဒါးတစ်လမ်း သံတမ်လမ်း ဖြစ်အောင် လုပ်ထားခဲ့ကြတာ မဟုတ်လား။ စစ်တပ်နဲ့ 
နိုင်ငံရေး မဆိုင်တာ မှန်တယ်။ ဒါဖြင့်ရင် စစ်တပ်ကဘာဖြစ်လို့ နိုင်ငံရေးထဲ
ဝင်ပါနေရတာလဲ ဆိုတာကို စဉ်းစားဘူးကြပါ ရဲ့ လား။
တစ်နိုင်ငံလုံး အုံကြွပါပြီတဲ့ ။ ဘာဆက်ဖြစ်လာမှာလဲ။ ဒေါ်စုကို သမ္မတတင်လို့ ရပြီ လို့  ထင်နေပါသလား။ အဲဒီ အချိန်မှာလည်း ဆန္ဒပြ မရရင် ထွက်ပေးဖို့  တောင်းဆိုကြဦးမှာလား။ အဓိက အချက်က ဘာဖြစ်ချင်ကြတာလဲ။ ဘာလုပ်ချင်ကြတာလဲ။ လိုချင်တာရဖို့  အဓိကလား။ လိုချင်တာကို အကြောင်းပြု ဆနပြပြီး အရှိန်ကောင်းလာရင် သပိတ်စုံ သူပုန်ထ သပိတ်စုံ အကုန်ရ အောင် လုပ်ချင်ကြတာလား။ သေချာ စဉ်းစားကြပါ။ ဦးနှောက်ကို သုံးကြ ပါ။
နောက်ထပ် ဆန္ဒပြဖို့  ကိစ္စတွေ အများကြီးရှိပါသေးတယ်။ နောက်ထပ်လည်း ဆနပြကြရဦးမှာပါ။ ဒီလိုဘဲဆ ရာတော်တွေကို အသုံးချပြီး လုံခြုံရေးအဖွဲ့  တွေ လုပ်ရကိုင်ရိခက်ခဲတဲ့ အနေိအထားကို ဖန်တီးပေးကြဦးမှာ လား။ ပြီးရင် လက်တွေ့  မကျတဲ့ နည်းလမ်းတွေ လုပ်ပြီး စစ်တပ်ကို အခုချက်ချင်း ထွက်သွား ဆိုပြီး တောင်းဆို ကြဦးမှာလား။ ဒီုင်ယာလော့ အနူပညာကို အသုံးချပြီးတော့ မရတော့တဲ့ နောက်ဆုံးမှာမှ ဒီလိုထွက်ပေး ဖို့  တောင်းဆိုရမှာ မဟုတ်ဘူးလား။ အခုဟာက ဒိုင်ယာလော့ဆိုတဲ့ အဆင့်ကို ကျော်ပြီး ချချင်တာ ချနေကြတာ ပဲ လို့  မြင်ပါတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် စစ်တပ်ကို တန်းလျားပြန် လို့  ၀ိုင်းအော်တာနဲ့ စစ်တပ်က ဟုတ်ကဲ့ပါ ဆိုပြီး အလေးပြု ထွက်သွားမှာ မဟုတ်တဲ့အချက်ကို သတိထားကြဖို့ ပဲ။
by ပလေတို ဒီမို
0 comments:
Post a Comment