Monday, December 03, 2012
0
၈၈ မျိုးဆက်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်ဒီ ပါတီတို့ သည် ယခင်ကာလ များထဲက သီးသန့် ရည် ရွယ် ချက် များဖြင့် ဖွဲ့စည်း ခဲ့ကြခြင်းဖြစ်သည်။ ၁၉၈၈ ခုနှစ် တက္ကသိုလ် အရံ တပ်ရင်းများ ကို ဗိုလ်ချုပ်ကြီး နေ၀င်း အစိုးရမှ စစ်ပညာ အခြေခံများ သင်ကြားပေးခြင်းတို့တွင် ပင်ပန်းမှု ဒဏ် မ ခံနိုင်ေ သာ ကျောင်းသားများက စတင် ဆူပူခဲ့ကြရာမှ ကျာင်းသား အရေးတော် ပုံ ပေါ်ပေါက်ပြီး ၈၈ တွင် ကျောင်း တက်၊ ထောင်ကျ၊ စာမေးပွဲ မအောင် ခဲ့သော ကျောင်းသားများ ၈၈ မျိုး ဆက်ကျောင်း သား အဖွဲ့ ဆိုပြီး ယနေ့တွင် ဖြစ် လာလေသည်။ ခွပ်ဒေါင်းချင်း တူသည် အန်အယ်လ်ဒီ မှာကား နိုင်ငံရေး အရ အမြတ် ထုတ်နိုင် ရန် ဗိုလ်ချုပ် သမီးကို နိုင်ငံရေးထဲ ဆွဲ သွင်းနိုင်ခဲ့ပြီး ပါတီနိုင်ငံရေး အရ ဖွဲ့စည်း ထားခြင်းဖြစ် သည်။ ကျောင်းသား သည် ကျောင်းသား ကိစ္စ အဆင် ပြေလျှင် ပြီးမည်ဖြစ်သော်လည်း ပါတီနိုင် ငံရေး အနြေ ဖင့် အာဏာအလုံးစုံ ရရှိ မှသာ ပြီးဆုံးမည် ဖြစ်သည်။ 

၈၈ မျိုးဆက်တို့ အနေဖြင့် ကျောင်းနံရံ တစ်ဝိုက်တွင် ဒေါင်းအလံပြန် စိုက်ပြိး သည့်နောက် ကျောင်းသား အမည်ခံ ၍ လုပ်ဆောင် စရာ နိုင်ငံရေး ကိစ္စမရှိ။ ပညာ အရည် အချင်း အရ တက္ကသိုလ် ပင် ပြီးမြောက်ေ အာင် တက်နိုင် ခဲ့ သည်မဟုတ်။ ထောင်ထဲ တွင်သာ ဘ၀ကို ဖြတ်သန်းခဲ့ရသည့် အတွက် နိုင်ငံရေးတွင် ခမ်းနားသော နေရာ တစ်ခု ရရန်အတွက် အခွင့် အလမ်း မရှိ။ သို့သော် ခောတ်ကာလ အနေအထား အရ အန်အယ်လ်ဒီ ပါတီကို ဆန့်ကျင်၍ မရ။ ဒေါ်အောင်ဆန်း စုကြည်ထက် ပိုမိုသော အခွင့်အရေး များကို ရယူနိုင် သည့် အရည်အချင်း များလည်း ရှိသည် မဟုတ်။ ထိုအချိန်တွင် ထိပ်တိုက်တွေ့ဆုံနိုင်သည့် အခြေ အနေ များ ပေါ်ပေါက် လာတော့သည်။

၈၈ တို့အနေဖြင့် ပါတီနိုင်ငံရေး လုပ်ရန် လေသံဟခဲ့ကြသည်။ သို့သော် အန်အယ်လ် ဒီရဲ့ အရိပ်ေ အာက်မှ ရုံးထွက် လျှင် ၂၀၁၅ မတိုင်ခင် ၈၈တို့ နိဂုံးချုပ်မည်သာ ဖြစ်သည်။ ဒေါင်းတစ်ကောင်ကို အပြိုင်အဆိုင် အ သုံးပြု ခြင်းဖြင့် ၈၈ တို့အတွက် ဘာ အကျိုးအမြတ် မှ ရှိမည် မဟုတ်။ အန် အယ်ဒီ၏ အထောက် အပံ့ဖြင့် ၈၈ တို့ နေရာ ရခြင်းသာ ဖြစ်သည့်အတွက် အသည်း အသန် ကြေငြာချက်ထုတ် ရသည်။ ရရှိသည့် ရန်ပုံငွေ များကြောင့် သာ ၈၈ တို့ သာယာပြီး မာန်တက်လာကြပေမယ့် အခြေအနေကို သဘောပေါက်ပြီး သား ပင် ဖြစ် သည်။

အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းတွင်လည်း ၈၈ တို့ကို အပြည့်အ၀ လက်ခံသည်မဟုတ်။ အခြေခံ ဥပဒေ ပြင် ဆင်ရေး အဓိက ဖြစ်ချိန်တွင် ပွဲဆူအောင် လုပ်ပေးမည့်သူများ၊ တစ်နိုင်ငံလုံး ဆူပူမှုဖြစ်အောင် ဖန် တီး မည့် သူမှန်သမျှ လက်ခံပေး ရမည့် အနေအထားပင်ဖြစ်သည်။ ထိုအချိန်တွင် အန်အယ် လ်ဒီ ပါတီ အစား ဒေါင်း အလံ ကို လူရှေ့ပေါ်အောင် လုပ်ပေးမည့် သူများမှာ ၈၈ ပင်ဖြစ် သည်။ ၈၈ တို့ကြောင့် ယခင် အန်အယ် လ်ဒီ ရနေသည့် အထောက် အပံ့များ ယုတ်လျော့မှုဖြစ်ရသည်။ တစ်ချို့ ကွက်ကျော် ရိုက် သည့် ပြောဆို မှု များကြောင့် အန်အယ်လ်ဒီ အနေဖြင့်လည်း ၈၈ တို့ကို အခြေအနေ အရ လိုက်လျော ဆက်ဆံ သည်မှလွဲ၍ အခြား မရှိ။

အဓိက ပြဿနာမှာ ၈၈တို့နှင့် ကိုမြအေး ပါလာခြင်းပင်ဖြစ်သည်။ ၈၈ အစုအဖွဲ့သည် လက် ၁၀ ချောင်း မပြည့် သည့် သူ များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဆုတံဆိပ်များရှင် မင်းကိုနိုင်နှင့် ဘာသာခြား အေ ထာက် အပံ့ရ မြအေးတို့ မရှိလျှင် ၈၈ သည် ရပ်တည်၍ မရ။ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အား ရှိသည်ဟု လက်မခံ ဟူသော မြအေးကြောင့် ၈၈ တို့ အကျပ်ရိုက်ရသည်။ အချို့ မီဒီယာ များမှ မြအေးကို ၈၈ မဟုတ်သယောင် ပြောဆိုရသည်အထိ ၈၈ တို့ အချင်းချင်း ခွက်ပုန်းတိုက်ခိုက်ရသည်။ ထိုအချိန်တွင် ကိုကိုကြီး ကိုလည်း မီဒီယာ များမှ တစ်ဆင့် နာမည် ရစေရန် အားထုတ် ရသေးသည်။

ယခု လက်ပံတောင်းကိစ္စတွင် ၈၈ တို့က ထုံးစံအတိုင်း ကြေငြာချက်ထုတ်သည်။ သမ္မတရုံးမှ စုံစမ်းေ ရး ကော် မရှင်တွင် ၈၈ တို့အား ထည့်ပေးလိုက်သည်။ သာမန် အားဖြင့် အဖွဲ့ဝင်အနေဖြင့် ပါရ သည့် ကော် မရှင်တွင် ၈၈ တို့ အနေဖြင့် မှားသည့်နေရာ ထောက်ပြရုံမှ လွဲ၍ အခြားမရှိ။ ပြဿနာကား ထိုအဖွဲ့ တွင် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဌဖြစ်နေခြင်းသာ ဖြစ်သည်။ မကြာမီ နိုင်ငံခြား ခရီးစဉ်များ ပြည်တွင်း စည်းရုံးရေး များကြောင့် ဒေါ် အောင်ဆန်း စုကြည် အနေဖြင့် ဥက္ကဌ ခေါင်းစဉ် တပ်သော်လည်း အတိ အကျ ပါဝင်နိုင် မည် မဟုတ်။ လက်တလော သတင်းများ အရ၊ ဆရာဝန်ကြီးများ ပြောဆိုချက်အရ ဆိုလျှင် လည်း လက်ပံတောင်း ကိစ္စသည် ဥပဒေ အရ ဆောင်ရွက်ခြင်း အဖြစ်သာ ပြီးဆုံးမည်ဖြစ်သည်။ ထိုအဖြေ ကို ဆူပူချင် သည့် ပြည်သူ အချို့ ကြိုက် ကြလိမ့်မည် မဟုတ်။

ဒေါ်အောင်ဆန်းစုကြည်မှလည်း တာဝန် အပြည့် ရှိသည် မဟုတ်။ အတိုက်အခံများ ပါဝင်သည့်အဖွဲ့တွင် အဓိက တာဝန် အရှိဆုံးသူများမှာ ၈၈ ပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ တာဝန်ယူရသည့် အပိုင်းကို ၈၈ တို့ လုံးဝ လက် မခံ နိုင်သည်မှာ အသေအချာပင်ဖြစ်သည်။ အန်အယ်လ်ဒီမှ ၈၈ ကို အပြတ်ရှင်းသည့် နည်းဗျူ ဟာ အား ၈၈ တို့ ကွက်ကျော်မြင်နိုင်ခဲ့သည်။ ဤတွင် တစ်ခုတည်းသော တွေးဆစရာမှာ သမ္မတ အမိန့် မထုတ်ခင် ထိုအမိန့်မူ ကြမ်းအား မည်သူတင်ပြသနည်းဆိုသည်ပင်ဖြစ်သည်။ ၈၈ တို့သည် အစိုးရ အဖွဲ့ အတွင်း မရှိ။ အန်အယ်လ်ဒီ သာလျှင် ရှိသည်။ 
အစိုးရ၏ အပြောင်းအလဲ အပေါ် ၈၈ တို့ အမှီလိုက်နိုင်ခြင်းမရှိကြ။ တာဝန်ယူနိုင်သူ တာဝန်ယူ ကြစေ ဆိုသည့် သမ္မတအမိန့်ကို ၈၈ တို့ တရားဝင် ကြေငြာချက်ထုတ်ကန့်ကွက်သည့် အခါ နောင်တစ်ကြိမ် အတွက် ၈၈ တို့ ရင်လေးရလေပြီ။ ဥပဒေအရ ဆိုလျှင်ပင် မတရားအသင်း ပုဒ်မ၊ တည်ငြိမ်အေးချမ်းမှု ပျက် စီးစေ သည့် ပုဒ်မတို့ ဖြင့် ၈၈ တို့ ထောင်နန်း စံ ရအုံး မှာပဲ ဖြစ်သည်။ တရား ဥပဒေ စိုးမိုးရေး ကော် မရှင်နှင့် ဆူပူမှု ဖန်တီးသူ တို့၏ ထိပ် တိုက်တွေ့ဆုံပွဲ ဘယ်တော့ စမည် မသိသေး။

၈၈ တို့၏ အနေအထားမှာလည်း နိုင်ငံတော် တည်ငြိမ်နေသမျှ သူတို့အတွက် နေရာမရှိ။ တက္က သိုလ် ကြီး ပြင် ဆင် လုပ် ကိုင်ခွင့်ပေးပြီး အဆင့်မြင့်တင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်မှ အဆို တင်သွင်ြး ပီးေ နာက် ကျောင်း နံ ရံ တစ် ၀ိုက် ဒေါင်းအလံစိုက်ချင်သည့် မင်းကိုနိုင် အရှိုက်ထိ သွားပြီ ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား များ ကိစ္စကိုလည်း ဗကသမှ နေရာတိုင်းတွင် လုပ်ဆောင်နေချိန်တွင် မင်းကိုနိုင် တို့ ၈၈ တွေ ဘယ်လှည့်ရမည် မသိ။ နယ်တကာလှည့် အစိုးရ မကောင်းကြောင်းပြောယုံဖြင့်လည်း ရေရှည် ရပ် တည်နိုင် မည် မဟုတ်။ ဆူပူမှု တစ်ခု ဖြစ်မှသာ ထောင်ကျလျှင်ကျ၊ ထောင်မကျလည်း မတည်ငြိမ် သည့် နိုင်ငံတွင် ၈၈ တို့ နောက်ထပ် ၁၀ နှစ်၊ ၁၅ နှစ် ကျောင်းသားအဖွဲ့ဆို၍ ရပ်တည်နိုင်မည် ဖြစ်သည်။

သေချာသည်ကား ၈၈ တို့အနေဖြင့် ယနေ့နိုင်ငံရေးတွင် ပါဝင်လိုခြင်း မရှိ။ အသိပညာလည်း မရှိ။ ယနေ့ နိုင် ငံရေးတွင် အန် အယ်လ်ဒီ အကွက်ရွှေ့ သည့် ပွန်းများ သာ ဖြစ်သည်။ ကွင်း ချင်း၊ နိုက်ချင်း တိုက် သည့် အချိန် တွင် ထိုပွန်းများ အလိုမရှိလျှင် စတေး ရမည်သာ ဖြစ်သည်။ ၈၈ တို့ စတေး မခံနိုင် သည့် အတွက် ကစား ပွဲ ဖျက်ဖို့ ကြံကြလေပြီ။ နောက် ထပ် တိုက်ပွဲများ ဆက်လာလေအုံးမည်။

အန်အယ်လ်ဒီပါတီ အာဏာအလုံးစုံ မရမချင်း ၈၈ တို့အတွက်ကတော့...
from:oppositeye

0 comments: