မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအနက်
အင်အားအကြီးမားဆုံးဖြစ် သော ”၀”ပြည်သွေးစည်းညီညွတ်ရေးပါတီအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ
ပြည်နယ်အဆင့်ခွင့်ပြုပေးရန် တောင်းဆိုမှုများကို ၂၀၁၂ခုနှစ်အတွင်းမှ စတင်ပြီးတောင်းဆို မှုများ
ပြု လုပ်ခဲ့ကာ ယခုတစ်ကြိမ်ထပ်မံတောင်းဆို မှုများပြုလုပ်လာခဲ့သည်။
”ကျွန်တော့အမြင်ကတော့ပြည်နယ်မပေးသင့်သေးဘူး။စောလွန်းတယ်လို့မြင်တယ်။
နောက်ပြီးဒီကိစ္စ ဟာ လွှတ်တော်ထဲမှာ ပထမဆုံးအကြိမ်တံခါးပိတ်ဆွေးနွေးရမယ့်ကိစ္စဖြစ်လာပြီ။“၀”
ဒေသမှာရှိနေတဲ့လူတွေက “၀”တိုင်းရင်းသားအစစ်တွေလား၊ဒါမှမဟုတ်“၀”တိုင်းရင်းသားတွေကို
ဆိတ်ကလေးလိုသဘော ထား ပြီး နောက်ကနေ အရိပ်ခိုဖို့ဝင်နေတဲ့လူတွေလားဆိုတာ ပြန်ပြီးဆန်းစစ်ဖို့လိုတယ်။ဒါတွေကို
မဆန်းစစ် ဘဲ ခွင့်ပြုမယ်ဆိုရင် အရှုပ်အထွေးဖြစ်လာတော့မှာပဲ”ဟုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးကြည်မြင့်ကဆို ပါတယ်။
အုပ်ချုပ်ရေးအဖွဲ့၏ ရုံးသုံးစာကို တရုတ်စာအဖြစ်
ပြဋ္ဌာန်းထားပြီး ဒေသအတွင်း နေထိုင်သူ အားလုံး၏ ၃၀ရာခိုင်နှုန်းခန့်သာ ဗမာစကားနှင့် တိုင်းရင်းသား
ဘာသာစကား သုံးစွဲသော '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့် တိုးမြှင့်ပေးလိုက် သည်နှင့်
မြန်မာနိုင်ငံ၏ ပြည်ထောင် စုပုံ စံအသွင် ပြောင်းသွားနိုင်ကြောင်း စိုးရိမ်မှုများလည်း
ရှိနေသည်။
လက်ရှိအချိန်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို
လုပ်ဆောင်နိုင်ခြင်း မရှိသေးသော '၀' ဒေသတွင် လူဦးရေခြောက်သိန်းနီးပါးနေထိုင်လျက်ရှိပြီး
၁၇၀၀၀ စတုရန်းကီလိုမီတာကျယ်ဝန်းကာ '၀' ဒေသမြောက်ပိုင်း နှင့် '၀'ဒေသတောင်ပိုင်းဟု
နှစ်ပိုင်းခွဲခြားထားသည်။ နေထိုင်သူလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ်ဘာသာ စကားကို
ပြောဆိုကြပြီး ငွေကြေးသုံးစွဲမှုတွင်လည်း တရုတ်ယွမ်ငွေကိုသာ အသုံးပြုကာ တရုတ်ဘာသာဖြင့်
ထုတ်လွှင့်သော ရုပ်သံလိုင်းလည်း ရှိကြောင်း . . . . .
အုပ်ချုပ်ရေးပိုင်းတွင် တရုတ်လူမျိုးများ
ဝင်ရောက်နေရာယူထားကာ ဒေသတွင်း လူနေမှု စရိုက်များ တွင် တရုတ်သြဇာ လွှမ်းမိုးမှု ရှိသည်ဆိုသော
သတင်းများ ထွက်ပေါ်ခဲ့သော '၀' သွေးစည်းညီညွတ်ရေး ပါတီ၏ ပြည်နယ်ခွင့်ပြုရန် တောင်းဆိုချက်ကို
သဘောထားမှတ်ချက် မပေးလိုသော်လည်း အခြေအနေ ရှုပ်ထွေးမှုများကို ရင်ဆိုင်နေရပြီဟု ရှမ်းတိုင်းရင်းသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြော ပါသည်။
လက်နက်ကိုင်အင်အား ၃၀၀၀၀ ကျော်ခန့်နှင့်
အရံပြည်သူ့ စစ်အင်အား ၁၀၀၀၀ ကျော်ခန့် ရှိနေသော '၀' သွေးစည်းညီညွတ်ရေး တပ်မတော်
(UWSA) သည် '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ၏ လက်အောက် တွင် ရှိနေပြီး ပန်ဆိုင်း၊ မိုင်းမော၊
ပန်ဝိုင်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်းနှင့် ဟိုပန်ဒေသများတွင် အဓိက လှုပ်ရှား
လျက်ရှိပါသည်။ မကြာသေးမီအချိန်က UWSA သို့ တရုတ်နိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့သည်ဆို
သော သတင်းများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်။
လက်ရှိအချိန်တွင် သန်းခေါင်စာရင်း
ကောက်ယူမှုကို လုပ်ဆောင်နိုင်ခြင်း မရှိသေးသော '၀' ဒေသတွင် လူဦးရေခြောက်သိန်းနီးပါး
နေထိုင်လျက်ရှိပြီး ၁၇၀၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကာ '၀' ဒေသ
မြောက်ပိုင်းနှင့် '၀' ဒေသ တောင်ပိုင်းဟု နှစ်ပိုင်းခွဲခြားထားသည်။ နေထိုင်သူ
လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ်ဘာသာစကားကို ပြောဆိုကြပြီး
ငွေကြေးသုံးစွဲမှုတွင်လည်း တရုတ်ယွမ်ငွေ ကိုသာ အသုံးပြုကာ တရုတ်ဘာသာဖြင့်
ထုတ်လွှင့်သော ရုပ်သံလိုင်းလည်း ရှိကြောင်း သိရသည်။'၀'
အဖွဲ့သည်စီး ပွားရေးလုပ်ငန်းများအနေဖြင့် ကျောက်မျက်၊ သတ္တု၊ လောင်စာဆီ၊
လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေသန့်စက်နှင့်
ကုန်တိုက်များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ကာဟုမ်ပန်း ကုမ္ပဏီ သည် '၀' အဖွဲ့၏
ထင်ရှားသော လုပ်ငန်းတစ်ခု ဖြစ်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်မှ
ဒုတိယခွဲထွက်လာသော အဖွဲ့ဖြစ်သည် '၀' ပြည် သွေး စည်းညီညွတ်ရေးပါတီသည် ၁၉၈၉ ခုနှစ်
ဧပြီ ၁၇ ရက်တွင် ဗမာပြည်ကွန်မြူနစ် ပါတီ၏ ဌာနချုပ်အဖြစ် တည်ရှိနေသော '၀'
နယ်မြေအတွင်းမှ ပန်ဆန်းဌာနချုပ်ကို သိမ်းယူခဲ့ပြီး '၀' အဖွဲ့ကို
ဖွဲ့စည်းလိုက်ခြင်း ဖြစ် သည်။
စတင်ဖွဲ့စည်းစဉ်ကတည်းက တပ်မတော်နှင့် သင့်မြတ်စွာ နေထိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ခဲ့ပြီး
အစိုးရအဖွဲ့နှင့်လည်း ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အမျိုးသား
ညီလာခံသို့ တက် ရောက်ခဲ့ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင်
အင်အားစုများနှင့်လည်း ပူးပေါင်းမှုများ ရှိခဲ့ပါသည်။
၂၀၀၅
ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းကြောင်း တရားဝင်ကြေညာခဲ့သော်လည်း '၀'
အဖွဲ့ကို မူး ယစ်ဆေးဝါးနှင့် ဆက်စပ်မှုရှိသောအဖွဲ့အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်း
ဆက်လက်ရှုမြင်ခဲ့ကြသည်။
၂၀၀၉
ခုနှစ်တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အစိုးရနှင့်
မပြေလည်မှု များ ဖြစ်ပေါ်ခဲ့ရာမှ တစ်ဆင့် '၀' ၏ စစ်အင်အားမှာလည်း တစ်စထက်တစ်စ
အားကောင်းလာခဲ့သည် ဟု နိုင်ငံရေး အကဲခတ်များက သုံးသပ်ခဲ့သည်။
0 comments:
Post a Comment