စစ်တပ်၏ နေမှု၊ စားမှုအတွက် နိုင်ငံတော်မှ တရားဝင် ပေးထားသည့် လစာနှင့်သာ ရပ်တည်သင့်ပြီး လယ်ယာမြေ သိမ်းယူမှုများ မပြုလုပ်သင့်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားသည်။
ယခင်စစ်အစိုးရ လက်ထက်က စစ်တပ်မှ လယ်ယာမြေ သိမ်းယူမှု အမြောက်အမြား ရှိခဲ့ပြီး ယခုအခါ ယင်းလယ်ယာမြေအချို့ပေါ်တွင် တောင်သူ လယ်သမားများက ထွန်တုံးတိုက်ပွဲများ ဆင်နွှဲနေသည့်အပေါ် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ မည်သည့်အယူအဆ၊ မည်သည့်ဝါဒပင်ဖြစ်စေ ကောင်းသည့် အလားအလာ မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ပြဿနာ ရှိသည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ဇူလိုင် ၁၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း သတင်းထောက်များအား ပြောကြားထားသည်။
''အုပ်ချုပ်ရေးအနေနဲ့လည်း စဉ်းစားရမှာက သူတို့ကတော့ဘယ်အဖွဲ့အစည်းမို့လို့၊ ဘယ်လက်နက်ကိုင် ထားလို့ သူများထက် အခွင့်အရေး သာတယ်။ ငါတို့မပေးရင် မရဘူး ဆိုတာတော့ ဘယ်ဖြစ်မလဲ။ ဓားမဦးချ လုပ်လာတယ်။ မိဘတွေ လက်ထက်ကတည်းက အစဉ်အဆက် လုပ်လာတယ်။ ကျွန်တော်မေးမယ်။ စစ်တပ်ရဲ့ နေမှုစားမှုက ဘာကြောင့်သူများလယ်တွေသိမ်းပြီးမှ နေလို့စားလို့ရတဲ့ ဘ၀မျိုးရောက်သွားတာ လဲ။ ဒါရိုးရိုးလေးပဲလေ။ နိုင်ငံတော်က တရားဝင် ပေးထားတဲ့ လစာနဲ့ပဲ ရှင်းနေရမယ်'' ဟုမင်းကိုနိုင်ကဆို သည်။
လက်ရှိလယ်ယာမြေ သိမ်းဆည်းခံရမှုများနှင့်ပတ်သက်၍ ဒေသတစ်ခုချင်းစီ ဖြစ်ပျက်သည့် အကြောင်းအ ရာဟုဆိုခြင်းထက် ပြည်ထောင်စုကြီးတစ်ခုလုံး နစ်နာဆုံးရှုံးနေသည် ဆိုခြင်းကို ပေါ်လွင်အောင် ပြရ မည်ဖြစ်ကြောင်း၊ လယ်သမားများ၏ လှုပ်ရှားပုံများကအစ ပြည်လုံးကျွတ် လှုပ်ရှားမှု ဖြစ်ရမည် ဖြစ်ကြောင်း၊ သို့မှသာ အမျိုးသားရေးဆိုင်ရာ အကျပ်အတည်းဆိုသည်ကို ၀န်ခံကြရတော့မည် ဖြစ်ကြောင်းလည်း ဦးမင်းကိုနိုင်က ပြောကြားသည်။
''သိမ်းထားတဲ့အဖွဲ့အစည်းတွေ၊ တာဝန်ရှိတဲ့သူတွေရဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်းတွေက လူတွေရဲ့ အတွေး အခေါ် စိတ်နေသဘောထားတွေက အခုအချိန်ထိ မပြောင်းလဲနိုင်သေးတာ တွေ့ရတယ်။ ဒီမိုကရေစီလို့ သဘောတူ ၀န်ခံပြီးသွားပြီဆိုရင် နံပါတ် (၁) ပွင့်လင်းမြင်သာမှုရှိရမယ်။ နောက်တစ်ခုက သူတို့ရဲ့ သဘော ထား ဆန္ဒတွေကို ဖော်ထုတ်ပြသခွင့်ရှိကိုရှိရမယ်။ အဲဒါအပေါ်မှာမှ ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ ညှိနှိုင်း တာတွေလာမယ်။ နောက် ဥပဒေကြောင်းအရလာမယ်။ အခုဟာက အမှန်တရားကို ဖော်ထုတ်ခွင့်တောင်မှ မရှိတော့သယောင်၊ နောက်တစ်ခုက အဲဒါတွေကို ဖော်ထုတ်ပြသခွင့် မရှိတော့ဘူးဆိုရင် ဆိုလိုတာက လူတွေကဘယ်အဖွဲ့အစည်း၊ ဘယ်လက်နက်ကိုင်ကိုမှ ကြောက်နေကြမှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ရင်ဆိုင်ခဲ့ပြီးပြီ၊ ဖြတ်သန်းခဲ့ပြီးပြီ။ ထိပ်တိုက်တွေ့မယ်ဆိုတာမျိုးက မကောင်းသော်လည်း နောက် ဆုံးကျတော့ ဒီတစ်နည်းပဲရှိလို့ အင်အားသုံးရတယ် ဆိုတာမျိုးတော့ ကျွန်တော်တို့ လက်ခံလို့မရဘူး'' ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။
သြဂုတ် ၁၅ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီ ရင်ခံစာအပိုင်း (၃) နှင့် စပ်လျဉ်း၍ ဆွေးနွေးစဉ် တပ်သိမ်းမြေ ကိစ္စများ အကြိမ်ကြိမ် ထည့်သွင်း ဆွေးနွေး မှုအပေါ် တပ်မတော်နှင့် ပြည်သူကြား သွေးခွဲသည့် သဘောမျိုး သက်ရောက်နေ၍ ဆွေးနွေးမှုကို ကန့် ကွက်ပေးရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ကန့်ကွက်ခဲ့သည်။
eleven media group
0 comments:
Post a Comment