Wednesday, August 14, 2013
0


ပြိုကျခဲ့သောမကွေးမြို့ တော်ခန်းမအမိုးပြုပြင်ဆောင်ရွက်နိုင်ရန် ဒီဇိုင်းများရေးဆွဲလျှက်ရှိပြီး၊ (Steel Structrures)ဖြင့်ခိုင်ခန့်မှုရှိအောင်တည်ဆောက်သွားမည်ဟုသတင်းရရှိသည်။

အဆင့်မြင့်ပြင်ဆင်ဆောက်လုပ်ခဲ့သော၎င်းမြို့တော်ခန်းမသည်သြဂုတ်လ(၈)ရက်နေ့ညနေ(၆)နာရီိခွဲခန့် တွင်အမိုးပြိုကျမှုဖြစ်ပွားခဲ့၍ယခုအခါ အပျက်အစီးများအား ရှင်းလင်းဖယ်ရှား ထားပြိးဖြစ်ကြောင်းးမြိုခံ တစ်ဦးကပြောသည်။

“နှစ်လအတွင်းအပြီးပြင်ဆင်ဖို့ကြိုးစားသွားမှာပါ၊ဒီဇိုင်းဆွဲပြီးသာ့ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ်ချက်အရ၊ကုမ္ပဏီကိုရွေးချယ်အပ်နှံသွားမှာပါ၊”ဟုမကွေးမြို့နယ် စည်ပင်အမှုဆောင် အရာရှိ ဦးနေ မျိုးနိုင်မှဖြေကြားခဲ့သည်။

အမိုးပြန်လည်ပြုပြင်ခြင်းလုပ်ကိုင်ဆောင်ရွက်ရန်အတွက် ကျပ်သိန်းပေါင်းတစ်ထောင့်ငါးကျော် ခန့်ကုန်ကျမည်ဖြစ်ပြိး မြို့နယ်စည်ပင်ဘဏ္ဍာငွေထည်းမှထုတ်ယူသုံးစွဲသွားမည် ဟုဦးနေမျိုးနိုင် မှပြော ကြားခဲ့သည်။

အမိုးပြိုကျရာတွင် အဆင့်မြှင့်ပြင်ဆင်ထားသောအသံလုံစနစ်နှင့်အအေးခန်းများအတွက် တပ်ဆင်အသုံးပြုထားသောပစ္စည်းကရိယာများအပျက်အစီးမရှိပဲပြန်လည်ရရှိခဲ့ကြောင်းကိုပါ ထုတ်ဖော် ပြောကြားခဲ့သည်။

၁၉၈၀နှစ်ဝန်းကျင်ခန့်က မြို့တော်ခန်းမကိုဆောက်လုပ်ထားခဲ့ပြိး(၂၀၁၂)ခုနှစ်ဇွန်လ(၂၃)ရက်မှအဆင့်မြင့်တင်ခြင်းလုပ်ငန်းစခဲ့ပြိး၊ စက်တင်ဘာလ(၁၃)ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ကုန်ကျ စရိတ်ကျပ်သိန်းပေါင်းသုံးထောင့်ခြောက် ရာကျော်ကုန်ကျခဲ့သည်ဟုသိရသည်။

မြို့တော်ခမ်းမကိုနိုင်ငံတော်ပွဲများ၊အရောင်းပြခန်းများ၊စာအုပ်ပွဲတော်များ၊ ဆိုကရေးတီး ပြိုင်ပွဲများ၊ မင်္ဂလာဆောင်အခမ်းအနားများ၊စာပေဟောပြောပွဲများကျင်းပခြင်း၊ကုန်ပစ္စည်း အရောင်းပြပွဲ နှင့် စတိတ်ရှိုးများကျင်းပခြင်းတို့တွင်ငှားရမ်းအသုံးပြုကြလေ့ရှိသည်။ငှားရမ်းခကိုအသုံးပြုမှုနှင့် အချိန်
ဇယား အ လိုက် ကျပ်(၃)သိန်းခွဲမှ ကျပ်ဆယ်သိန်းငါးသောင်းထိပေးဆောင်ရလေ့ရှိသည်ဟုပွဲစီစဉ်သူများ၊ ငှားရမ်းသုံးစွဲဖူးသူများပြောစကားအရသိရသည်။

မြို့တော်ခန်းမပြိုကျချိန်တွင် ပွဲလမ်းသဘင်ကျင်းပခြင်းမရှိ၊သဘာဝဘေးအန္တရယ်နှင့် အကြမ်းဖက် မှုများမရှိပါပဲသြဂုတ်လ(၈)ရက်နေ့ညနေ(၆)နာရီိခွဲခန့်တွင်ပြိုကျပျက်စီးသွားခြင်းဖြစ်သည်။ဧရိယာအား
ဖြင့် ပေ၁၂၀/၆၀ပေပြိုကျပျက်စိးခဲ့သည်။အခမ်းအနားကျင်းပချိန်တွင် ပြို ကျလိုက်မှဖြင့်ဟူသောအတွေးကမြို့နေပြည်သူများအနေဖြင့် ခန်းမပြင်ဆင်ခြင်းလုပ်ငန်းကို စိတ်ဝင်တစားဖြစ်နေကြခြင်းဖြစ်သည်။




0 comments: