Thursday, November 08, 2012
0
 
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ တာချီလိတ်ခရီးစဉ်အား လုံခြုံရေးစိတ်မချရ၍ ဖျက် သိမ်းခဲ့သည်ဟု ၄င်း၏အကြံပေးဖြစ်သူ Noppa-don Pattama နိုဝင်ဘာလ ၆ ရက်တွင်သတင်း ထုတ်ပြန် ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် သက်ဆင်သည် နိုဝင်ဘာ ၈ ရက်၌မြန်မာနိုင်ငံသို့ရောက်ရှိပြီး တာချီလိတ်မြို့ ၌ နိုဝင်ဘာ ၉ ရက်မှ ၁ဝ ရက်ရှိနေရန် စီစဉ်ထားသည် ဟု ပါရှိသည်။ သို့သော် လုံခြုံရေး အခြေ အနေအရ
 မြန်မာနှင့်ထိုင်းလုံခြုံရေးအရာရှိများကသက်ဆင်၏တာချီလိတ်ခရီးစဉ်အားရွှေ့ ဆိုင်းရန်ဆုံးဖြတ်ခဲ့ ကြခြင်း
 ဖြစ်သည်။

ထို့အတူ သက်ဆင်၏ သားဖြစ်သူ ဖန်ထုန်ထေ့ရှင်နာဝပ်က ဖခင်ဖြစ်သူအား တာချီလိတ် ခရီးစဉ်အတွင်း လူ တစ်စုက လုပ်ကြံ ရန်ကြံ စည်ထားကြောင်း၊ တာချီလိတ်ရှိ ရွှေတိဂုံပုံတူ စေတီ တွင်ပြု လုပ်မည့်ရှပ်နီများနှင့်
 တွေဆုံပွဲတွင်လုပ်ကြံကြလိမ့်မည်ဟု၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။တာချီလိတ် ခရီးစဉ်အားဖျက်သိမ်းလိုက်ရသော်လည်း မြန်မာသမ္မတဦးသိန်းစိန်နှင့် နိုဝင်ဘာလ၈ရက်တွင် တွေ့ဆုံသွား
မည်ဟု Mr Noppadon က ဆိုသည်။

”ဒါတွေကြောင့်မစ္စတာသက်ဆင်ကတာချီလိတ်ခရီးစဉ်ကိုဖျက်သိမ်းလိုက်တာပါ။ဒါပေမဲ့သမ္မတဦးသိန်းစိန် နဲ့နေပည်တော်မှာတွေ့မယ့် အစီအစဉ်အပါအဝင်တခြားအစီအစဉ်တွေကမပြောင်းပါဘူး။မ္မတနဲ့ နိုဝင်ဘာ လ ၈ ရက်မှ တွေ့ပြီး အဲဒီနေ့မှာပဲ မြန်မာနိုင်ငံက ပြန်ထွက်ခွာမှာပါ” ဟု၎င်းကဆိုသည်။ ထိုင်းစစ်တပ်က ၂ဝဝ၆ ခုနှစ်တွင် သက်ဆင်ဦးဆောင်သောအစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီးနောက်သက်ဆင်သည်နိုင်ငြံ ခားသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။ အာဏာအလွဲသုံး စားမှု၊ ခြစား မှုတို့ဖြင့် သက်ဆင်အား ထိုင်းတရား ရုံးချုပ်က ဆင့်ခေါ်ထားသည်။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် အဘီဆစ်က ဝရမ်း ထုတ်ခံထားရသည့် သက်ဆင်အား ဖမ်းဆီးကာ တရား ဥပဒေအတိုင်း ရင်ဆိုင် ခိုင်းသင့်ကြောင်း သက်ဆင်၏ ညီမ ယင်းလပ်ရှင်နာဝပ်ထရာ ဦးဆောင်သော လက်ရှိ ထိုင်းအစိုးရကို တိုက်တွန်း ထားသည်။

0 comments: