Thursday, November 08, 2012
0
ဘင်္ဂလာဒေခ်ျ့ နိုင်ငံဘက်က အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ ၀င်ရောက်ပစ်ခတ် မူကြောင့် မြန်မာ ဘက်ကတစ်ဦးကျဆုံးပြီး သုံးဦးဖမ်းဆီးခံရပြီးနောက် နယ်စပ်ဘက်သို့ မြန်မာ စစ်သားများချီတက်နေကြ သည်နေဟု မျက်မြင် ကျေးရွာသားများက ပြောသည်။


အခင်း ဖြစ်ပွားရာ မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၅၁ နှင့် ၅၂ အနီးတွင် ယခုအခါ  မြန်မာ စစ်သား အများအပြား ရောက်ရှိနေပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသောတပ်သား ၃ ဦးကို လိုက်လံ ရှာဖွေနေကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ GE ဆောက်လုပ်ရေး တပ်ဖွဲ့မှတပ်ကြပ်ကြီးခင်မိုးအောင်နှင့် နောက်တပ် တပ်သား နှစ်ဦး တို့ ဖြစ်ကြသည်ဟု ဆိုသည်။စစ်တပ်နှင့် နီးစပ်သော ဒေသခံများက အဆိုပါ ဖမ်းဆီးခေါ်ယူခံသွားရသော တပ်သား ၃ ဦးကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ရှာဖွေပြီး ပြန်လည် ပို့ဆောင်ရန် တောင်းဆိုထားပြီး မပို့ပေးပါက ဘင်္ဂလာဒေခ်ျ့နယ်မြေထဲကို ၀င်ရောက် ရှာဖွေမည်ဟု မြန်မာ စစ်တပ်က ပြောဆိုသည်ဟု ဆိုသည်။

သို့သော်လည်း ဤသတင်း ဟုတ်မဟုတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။မနေ့ညနေက အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့မှပစ်ခတ်မူကြောင့် သေဆုံးသူသွားသူမှာ ဒေသခံများက လမ်းဗိုလ်ဟု ခေါ်ဆိုသည့် စက်ပြင်ဆရာ ကျော်ကျော်ဝေ ဖြစ်ကြောင်း သိရသည်။စက်ပြင် ဆရာကျော်ကျော်ဝေနှင့်အဖွဲ့သည် လမ်းလုပ်ပြီးမော်တော်ဆိုင်ကယ် နှစ်စီးနှင့်အပြန်တွင် ပစ်ခတ် တိုက်ခိုက်ခံခဲ့ ရပြီးကျော်ကျော်ဝေမှာ အဆိုပါနေရာ၌ပင်ပွဲချင်းပီးသေဆုံးကာတပ်ကြပ်ကြီး ခင်မိုးအောင်နှင့် နောက်ထပ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။ယခုအချိန်ထိ ဖမ်းဆီးခေါ်ဆောင်သွားသူများကို ပြန်လည် ရရှိခြင်း မရှိသေးကြောင်း သိရပါသည်။

 

0 comments: