Thursday, November 08, 2012
0
လျို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေးယူမည်ဟု ဖော်ပြထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက်များကို ပးပို့ခြင်း သို့ ဖြန့်ချိခြင်း သို့ပါဝင်ဆာင်ရွက်ခြင်း ၊သိုမှီးထိန်းသိမ်း ထား သည့်သတင်းအချက်အလက်များ တစ်ရပ်ရပ်ကိုဖြစ်စေ ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်းအချက် အလက် တစ်ရပ်ရပ်ကိုဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် (သို့) သဘောတူညီချက် မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်း ၊ ရယူခြင်း ၊ ကူးယူခြင်း ၊ ထုတ်နုတ်ခြင်း ၊ပျောက်ဆုံးစေခြင်း သို့ ပေးပို့ ဖြန့်ချိခြင်း ၊ မူပိုင်ခွင့်ပိုင်ရှင် ၏ ခွင့်ပြု ချက်မရှိဘဲ စာပေအနုပညာ လက်ရာကိုဖြစ်စေ ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့်အရေးတစ်ရပ်ရပ် ကိုဖြစ်စေ စီးပွားရေး အလို့ငှာမူပွားခြင်း ၊အရုပ်နှင့်အသံတို့ကို ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း ၊ ဖြန့်ချိခြင်း ၊ ထုတ်လွှင့်ခြင်း နှင့် ပြည်တွင်း သို့ တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာကျူးလွန်ခြင်း တို့ကို ကျူး လွန်ကြောင်းပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရမည် ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြသော ဆက် သွယ်ရေး ဥပဒေကြမ်း၌ပါရှိသည် ။

0 comments: