Thursday, November 08, 2012
0
ရန်ကုန်စည်ပင်၏ ခွင့်ပြုချက်မရှိဘဲဆောက်လုပ်သည့် အဆောက်အအုံများအား မြေပြင်ဖြစ်သည် အထိ ပြန် လည်ဖျက်သိမ်းခိုင်းမည်ဟု သတင်း ရရှိသည်။
ယခင်ကာလများ၌ဌာနသို့ အကြောင်းကြားမှု မရှိဘဲဆောက်လုပ်သည်များကိုဌာနမှ တရားစွဲဆို၍ဒဏ်ကြေး
ဆောင်စေပြီး ဆက်လက်ဆောက်လုပ်ခွင့်ပါမစ်ချထားပေးခဲ့သော်လည်း လက်ရှိတွင် ပြန် လည်ဖျက်သိမ်း ခိုင်းမည့်စနစ်အား ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်းရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (အဆောက် အအုံ)မှ သတင်းရရှိသည်။

ယခုလမှစတင်ကာ ပြောင်းလဲကျင့်သုံးမည့် ယင်းစနစ်နှင့် ပတ်သက်၍ အထက်ပါဌာနမှ အရာရှိတစ်ဦးက ''Withoutလုပ်မယ်ဆို မြေကြီးဖြစ်တဲ့ အထိအရေးယူမယ်။ ပါမစ်လည်းမပေးတော့ဘူး။ မဖျက်မချင်း တရားစွဲနေမှာ''ဟု ပြော သည်။

ရန်ကုန်မြို့တွင်း၌ ဌာနသို့ဆောက်လုပ်ခွင့် တင်ပြခြင်းမရှိဘဲ ဆောက်လုပ်နေသောအဆောက်အအုံများစွာ ရှိကြောင်း၊ နိုဝင်ဘာလမတိုင်မီ ရန်ကုန်စည်ပင်မှတရားစွဲဆိုထားသည့် ရန်ကင်းမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ မြေကွက်အမှတ် ၇၄ နှင့်၇၅ရှိ ငါးထပ်အဆောက်အအုံနှစ်ခုမှာ တရားမဝင်ဆောက် လုပ်ခြင်း ဖြစ် သည့်အပြင် သတ်မှတ်ပုံစံနှင့်ကိုက် ညီမှုမရှိ၍ အန္တရာယ်ရှိ အဆောက် အအုံဟုသတ်မှတ်ကာ ဌာနမှ ပြန် လည် ဖျက်သိမ်းခိုင်းထားကြောင်း ၄င်းထံမှ သိရသည်။

''လမ်းကျဉ်းကျဉ်းလေးမှာ ငါးထပ်အဆောက်အအုံတွေဆောက်နေတယ်။ တကယ်ဆိုအဲဒီနေရာက သုံးထပ်ပဲဆောက်လို့ရမယ့်နေရာဖြစ်လို့အပေါ်နှစ်ထပ်ကိုပြန် ဖျက်ခိုင်းထားတယ်။တိုက်နှစ်လုံးစလုံးကိုတော့ တရားစွဲထားတယ်။ တစ်လုံးကတော့အပေါ်နှစ်ထပ်ကိုဖျက်ပြီး ဖျက်တဲ့အလုံးကိုတော့ ပါမစ်ချပြီး ဆက်လက် လုပ်ခွင့်ပေးမှာပါ။ ကျန်မဖျက်သေးတဲ့တစ်လုံးကို ဆက်ပြီးတရားစွဲသွား မှာပါ''ဟု အထက်ပါအရာရှိက ဆက်လက်ပြောသည်။

ရန်ကုန်စည်ပင်မှ သတ်မှတ်ထားသော အဆောက်အအုံအမြင့် ဆောက်လုပ်ခွင့်ပြုထားသည့် ပုံစံမှာ လမ်းအကျယ် နှစ်ဆအား လေးပေခွဲ ထပ်ပေါင်း၍ ယင်းထက်မပိုသောအမြင့်ကိုသာဆောက် လုပ်ခွင့်ပြု ထားသည်။

''လမ်းအကျယ်က ပေ ၂ဝ ဆို၊ ပေ ၂ဝ ကို နှစ်နဲ့မြှောက်တော့ ပေ ၄ဝ၊ ပေ ၄ဝ ကို ၄ ပေခွဲ ထပ် ပေါင်းပြီး ၄၄ ပေခွဲအထိ အမြင့် ဆောက်လို့ရတယ်။ အဲဒီထက် ပိုဆောက်လို့ မရဘူး'' ဟု ၄င်းက ရှင်းပြသည်။ ရန်ကုန်စည်ပင်သို့ အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားပါက ပိုင်ဆိုင်မှု မှန်ကန်သည့် မြေကွက် များဖြစ်လျှင် နှစ်လအတွင်း ဆောက်လုပ်ခွင့်ကို ချထားပေး ကြောင်း၊ မိသားစု အိမ်ဖြစ်ပါက တစ်စတု ရန်းပေ ပတ်လည်လျှင် ၁၈ ကျပ်နှင့်အထပ်မြင့်အဆောက် အအုံဖြစ်ပါက တစ်စတုရန်းပေ ပတ်လည်လျှင် ၃၆ ကျပ် ဌာနသို့ ပေးသွင်းရကြောင်း အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)မှ သိရ သည်။

ရန်ကုန်စည်ပင် မြေယာဌာနမှ ကောက်ယူထားသည့် မြေတိုင်း ရပ်ကွက်နံပါတ်နှင့် အိမ်နံပါတ်များ တူညီမှု မရှိခြင်းကြောင့် ကွင်းဆင်းစစ်ဆေးရခြင်း၊ လက်လွှဲပြောင်း ရောင်းချမှုများကြောင့်ဌာနတွင်အမည်ပေါက်နေ သည့် ပိုင်ရှင်နှင့် လာရောက် ဆောက်လုပ်ခွင့် လျှောက်ထားသော ပိုင်ရှင် အမည် မတူညီခြင်းများကြောင့် ဌာနမှ စစ် ဆေးရခြင်းမျိုးရှိသည့်အခါ သတ် မှတ်ကာလ နှစ်လထက် ကျော် လွန်မှ ဆောက်လုပ်ခွင့် ချထား ပေးနိုင်ခြင်းမျိုးလည်း ရှိကြောင်း အထက်ပါအရာရှိက ထပ်လောင်း ပြောသည်။

0 comments: